kalimah.top
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

the reasonabilists – နွေ (nway) كلمات اغاني

Loading...

အံဆွဲထဲ
သော့ခတ်သိမ်းထားတဲ့
မင်းရဲ့တွေးတွေ ဖြန့်ကြဲလိုက်

ညခင်းရဲ့
အလင်းရောင်ဝိုးတဝါးထဲ
အိပ်မက်များကို ဖန်ဆင်းတယ်

ပူလောင်ပါတယ် နွေရယ်
စိုးရိမ်တတ်တဲ့ အကြည့်ဆိုးများရယ်
ဝေဆာနေပါတယ်
အလွမ်းတွေနဲ့ ဒီရင်ထဲက

ပူလောင်ပါတယ် နွေရယ်
စိုးရိမ်တတ်တဲ့ အကြည့်ဆိုးများရယ်

ဝေဆာနေပါတယ်
အလွမ်းတွေနဲ့ ဒီရင်ထဲက

တဝဲလည်
အနားမှာ အရိပ်တို့နဲ့
အတိတ်ကို သက်ဝင်လှုပ်ရှားတယ်

မနက်ခင်းရဲ့
တေးသံငိုချင်းနဲ့
ဆေးသားများ အရည်ပျော်ကျတယ်

ပူလောင်ပါတယ် နွေရယ်
စိုးရိမ်တတ်တဲ့ ဒီနှုတ်ခမ်းများရယ်

ဝေဆာနေပါတယ်
အလွမ်းတွေနဲ့ ဒီရင်ထဲက

ပူလောင်ပါတယ် နွေရယ်
စိုးရိမ်တတ်တဲ့ ဒီနှုတ်ခမ်းများရယ်
ဝေဆာနေပါတယ်
အလွမ်းတွေနဲ့ ဒီရင်ထဲက

နာကျည်းတဲ့
အပြုံးတွေ
အသွေးအသားများ ပြာကျသွားတယ်
ပြာလဲ့လဲ့ ကောင်ကင်မိုးသားထက်
ခံစားချက်တို့ ပဲ့တင်ထင်ဟပ်တယ်

ပူလောင်ပါတယ် နွေရယ်
စိုးရိမ်တတ်တဲ့ အကြည့်ဆိုးများရယ်

ဝေဆာနေပါတယ်
ပန်းတွေ ပန်းတွေ
စောက်တလွဲပန်းတွေ

ပူလောင်ပါတယ် နွေရယ်
စိုးရိမ်တတ်တဲ့ ဒီနှုတ်ခမ်းများရယ်

ဝေဆာနေပါတယ်
ပန်းတွေ ပန်းတွေ
စောက်တလွဲပန်းတွေ

كلمات أغنية عشوائية

اهم الاغاني لهذا الاسبوع

Loading...