kalimah.top
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

nyan b – nay kyar كلمات اغاني

Loading...

[rap 1]
ပန်းလေးတွေ သိပ်မြတ်နိုးတဲ့
ကောင်မလေးတယောက်
မင်းအကြောင်းတွေ အပြည့်နဲ့
ဒီသီချင်းလဲ မင်းဆီစာလွှာလေးရောက်
ငါသာတွေးသလောက် ပြန်ရတဲ့ဘဝမှာ နေထိုင်ရင်
မျှော်လင့်ချက် တပွေ့တပိုက်နဲ့
ငါ့လိုလူဟာ မင်းဘဝထဲကို ပါလာသေးလောက်
မော့ကြည့်လိုက်စမ်းပါအုံး
ညရဲ့ကောင်းကင်ကြီးထဲမှာ
နေပံ့ပိုးမှုနဲ့ လှပနေတဲ့ဟောဒီလလေးက
မင်းနဲ့ကို့ဘဝကိုရည်ရွယ်တာမို့
ဒါကိုယုံကြည်ထားပေးပါ
ကို့ဘဝကြီး တခုလုံးမင်းကို ပေးအပ်ထားပြီမို့
မင်းစိတ်ကြိုက် စီစဉ် သွားပေးပါ
[chorus]
ဟိုးး ပန်းလေးရယ် မင်းနဲ့
အနမ်းလေးတွေပေးမယ်
တစ်သက်စာရွေးချယ်လို့ မင်းနဲ့ငါ
အချစ်တို့ မျှဝေစို့
ပျော်ရွှင်ခြင်းလေးတွေအကြွင်းမဲ့
ချိုမြိန်တဲ့ အချစ်တွေပေးမယ်
နေကြာလေးမင်းကို ကုဋေကုဋာထိ ချစ်နေအုံးမယ်

[rap 2]
ပန်းလေးတစ်ပွင့်ရဲ့အငွေ့အသက်တွေ
ဒီရင်မှာပွင့်လို့ဝေဆာခဲ့
နင်မရှိဘဲဖြတ်သန်းတဲ့ငါ့ဘဝအားနည်းတယ်
နင်လည်းမြင်တာဘဲ
ဒဏ်ရာတွေများခဲ့လည်းငါ့ဘဝထဲရှာကြည့်
နင့်ပုံရိပ်လေးထင်လာခဲ့
ဣတ္ထိယတွေပေါများတဲ့ဒီကမ္ဘာထဲ
ကိုယ့်​မှာမင်းလေးဘဲမြင်ပါတယ်
မျှော်လင့်ခြင်းတွေနဲ့အသက်ရှင်တဲ့
လူတွေအများစုဟာဦးတည်ချက်ကိုယ်ဆီနဲ့
ကြိုးစားပြီးမျှော်လင့်သလောက်ပြန်မရတဲ့အခါ
ဆောက်တည်ရာမဲ့တဲ့စိတ်တွေနဲ့ဘဝမှာ
တစ်ခေါက်လောက်ကျရှုံးသွားလှည့်ပါ
မင်းမရှိဘဲသီချင်းရေးရမယ်ဆိုတာ
ကိုယ့်တွက်ရူးသွားမဲ့အရာ
[pre chorus]
နေကြာပန်းးလေးနဲ့ ဒို့ရဲ့ ဇာတ်လမ်းလေး
သံဇဉ်ဖွဲလို့ မင်းလေးကိုအနမ်းပေး
ရောင်စုံပန်းများထဲ မင်းကအလှဆုံးဟေ့
အပူပင်ကင်းလိုက်တာငေးကြည့်လိုက်တိုင်းလေ
သိပ်ချစ်မိလို့ရူးသွားပြီထင်ပါရဲ့
အဆိပ်မရှိတဲ့ ပန်းလေးမို့ ရင်အေးတယ်
အမြဲမင်းရဲ့ဘေးနားမှာရှိချင်တယ်
ရင်မှာရှိတဲ့နာမ်စားလေးမို့ချစ်တယ်

[chorus]
ဟိုးး ပန်းလေးရယ် မင်းနဲ့
အနမ်းလေးတွေပေးမယ်
တစ်သက်စာ ရွေးချယ်လို့ မင်းနဲ့ငါ
အချစ်တို့ မျှဝေစို့
ပျော်ရွှင်ခြင်းလေးတွေအကြွင်းမဲ့
ချိုမြိန်တဲ့ အချစ်တွေပေးမယ်
နေကြာလေးမင်းကို ကုဋေကုဋာထိ ချစ်နေအုံးမယ်

[bridge]
ရင်မှာပွင့်နေတဲ့ပန်းလေးမညိုးသွားအောင်အမြဲတွေးတယ်
တွေးနေတဲ့စက္ကန့်တိုင်းလည်းကိုယ့်မှာမင်းကြောင်းလွမ်းသေးတယ်
​ကျောပိုးပြီးမင်းကိုနေကြာပန်းခင်းလေးထဲထမ်းပြေးမယ်
ပျော်မှာပေါ့တိမ်တွေနဲ့ပုံဖော်တဲ့ကိုယ်တို့အလွမ်းတေးရယ်
ဂစ်တာလေးတီးပြရင်မျက်ဝန်းနက်နက်နဲ့ကြည့်နေမှာလား
ပြုံးလိုက်ရင်မင်းပြုံးလေးနဲ့အတူရှင်သန်တဲ့အသက်တွေပါသွား
မင်းနဲ့တူရည်စူးထားတဲ့အိမ်မက်ကလေးမှာရှိနေမှာလား
ယုံကြည်တယ်မပျက်စီးဘူးပေါင်းဖက်ဖို့ကိုယ်တို့ကတိတွေကာထား
[chorus]
ဟိုးး ပန်းလေးရယ် မင်းနဲ့
အနမ်းလေးတွေပေးမယ်
တစ်သက်စာ ရွေးချယ်လို့ မင်းနဲ့ငါ
အချစ်တို့ မျှဝေစို့
ပျော်ရွှင်ခြင်းလေးတွေအကြွင်းမဲ့
ချိုမြိန်တဲ့ အချစ်တွေပေးမယ်
နေကြာလေးမင်းကို ကုဋေကုဋာထိ ချစ်နေအုံးမယ်

كلمات أغنية عشوائية

اهم الاغاني لهذا الاسبوع

Loading...