kalimah.top
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

ni ni khin zaw – mg ( မောင် ) كلمات اغاني

Loading...

မောင် မောင့်ကိုချစ်ခဲ့ ခြင်းက ဆုံးရှုံးဖို့လား

အရောင်ပိုစုံသောတောမှာ

အတောင်တစ်စုံ ခိုကာပျံပြီးသွားပါ

ငါ့ထက်သာတဲ့ သစ်ရိပ်မှာ နားခိုပါ

မောင် အရှေ့ကိုလျှောက်ခဲ့ပြီးမှ နောက်လှည့်မလို့လား

သံသရာလည်သောဘ၀ဟာ

အဖန်တစ်ရာကျင်လည်ရသော ခဏတာ

မိုးရိပ်တွေနဲ့ နှလုံးသားကိုစတေးခံပါ

မှားပြီးချစ်ခဲ့တာလား ကိုယ်ကပဲ

အစွဲအလန်းကြီးလွန်းတာလား

ကြိုဆိုပါ၏ ကျောတစ်ဖက်တစ်ချက်မှာ
နှုတ်ဆက်တဲ့စာ

လွမ်းတယ် ဆိုတာထက်ပိုပါတယ်

ငါ့ကိုမမြင်ချင်လဲ မနှင်ပါနဲ့

ဘ၀မှာ တစ်ကြိမ် တစ်ခါလောက်များ

ကံကောင်းလိုက်ချင်တယ်

မောင်လို့ခေါ်လဲ ပြန်လှည့်မလာခဲ့

ခေါ်ခွင့်မရှိတော့တယ်

ငါစိုက်ပျိုးသမျှ ပြန်ရိတ်သိမ်းပေးပါ့မယ်

မောင် မောင့်ကိုချစ်ခဲ့ ခြင်းက အသဲကွဲဖို့လား

အရောင်ပိုစုံသောတောမှာ

အတောင်တစ်စုံ ခိုကာပျံပြီးသွားပါ
ငါ့ထက်သာတဲ့ သစ်ရိပ်မှာ နားခိုပါ

အမှားကြီးမှားခဲ့တာလား ကိုယ်ကပဲ

အစွဲအလန်းကြီးလွန်းတာလား

ကြိုဆိုပါ၏ ကျောတစ်ဖက်တစ်ချက်မှာ

နှုတ်ဆက်တဲ့စာ

လွမ်းတယ် ဆိုတာထက်ပိုပါတယ်

ငါ့ကိုမမြင်ချင်လဲ မနှင်ပါနဲ့

ဘ၀မှာ တစ်ကြိမ် တစ်ခါလောက်များ

ကံကောင်းလိုက်ချင်တယ်

မောင်လို့ခေါ်လဲ ပြန်လှည့်မလာခဲ့

ခေါ်ခွင့်မရှိတော့တယ်
ငါစိုက်ပျိုးသမျှ ပြန်ရိတ်သိမ်းပေးပါ့မယ်

လွမ်းတယ် ဆိုတာထက်ပိုပါတယ်

ငါ့ကိုမမြင်ချင်လဲ မနှင်ပါနဲ့

ဘ၀မှာ တစ်ကြိမ် တစ်ခါလောက်များ

ကံကောင်းလိုက်ချင်တယ်

မောင်လို့ခေါ်လဲ

ပြန်လှည့်မလာခဲ့ ခေါ်ခွင့်မရှိတော့တယ်

ငါစိုက်ပျိုးသမျှ ပြန်ရိတ်သိမ်းပေးပါ့မယ်

မောင် မောင့်ကိုချစ်ခဲ့ ခြင်းက ဆုံးရှုံးဖို့လား

___lyrics are from third_parties___

كلمات أغنية عشوائية

اهم الاغاني لهذا الاسبوع

Loading...