kalimah.top
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

ayoon – pae kya khae thaw eain mat ngle كلمات اغاني

Loading...

[verse 1]
အချိန်တွေကြာလည်း
မေ့ဖျောက်မရနိုင်ပါအချစ်ရယ်
နေရာတိုင်း မင်းအငွေ့အသက်တွေ ကျန်ရစ်ခဲ့
ဒီအတိုင်းလေးလဲ ကောင်းပါတယ်
မျှော်လင့်ချက်တော့ ရှိပါရဲ့…

[verse 2]
လူတွေစုံတိုင်း မင်းအကြောင်းပြောတာတွေ ကြားတယ်
နင်လှည့်စား ရက်စက်တာကို နားမလည်
ငါလေ အဆုံးထိ ပေးဆပ်ချင်ပါတယ်
နင် ငါ့ဘဝထဲ ခဏတစ်ဖြုတ် ဝင်လာခဲ့
[pre]
ဝေဒနာတွေပေးလို့ သွားလိုက် မင်းပျော်မယ်ဆို
ဒဏ်ရာတွေ အမှတ်တရအဖြစ်နဲ့ သိမ်းဆည်းချင်လို့
ရင်မှာဖုံးကွယ်တားစေလို့ ဒါဟာ မင်း စိတ်ချမ်းသာဖို့
ငါတကယ်ကို ချစ်တတ်မှ
အချစ်ဆိုတာ လွှင့်ပျောက်သွားတာလား
သေချာတယ် မင်းမရှိတော့မှ ဘဝက အဓိပ္ပါယ်မဲ့လာတာ
​နေ့တိုင်းအမြဲတမ်း သတိတွေရ
သူရော ကိုယ့်လို လွမ်းနေမလား

[chorus]
တစ်နေ့တော့ ငါ့အချစ် မင်းလေး နားလည်ဖို့အတွက်
တောင်းဆုပြုတဲ့ ညနက်များထဲ မတွေးတတ်
အလွမ်းဓာတ်ခံမရှိ သေဆုံးလို့နေသည့်
ဒီရင်ခွင်ကို ပြန်လှည့်ကြည့်
နေ့တိုင်းပဲ မင်းနဲ့ လျှောက်ခဲ့ဖူးတဲ့ လမ်းထက်
ပြန့်ကြဲလို့သွားတဲ့ အနမ်းနဲ့ ပွေ့ဖက်ထားလျှက်
အချစ်နဲ့စပြီး အဆုံး​သတ်နာကျည်း
​နေညိုချိန်တွေဆို ပိုလွမ်းပြီ ချစ်သူ…

ဟိုး…အို…အို…ဟိုး…ဟိုး…ဟိုး…
နေညိုချိန်တွေဆို ပိုလွမ်းပြီ

[verse 3]
ဒီရင်ဘတ်ထဲကနေ ချစ်ခဲ့ဖူးသူ
နှလုံးသားခွဲသွားတောင် အပြစ်မမြင်ရက်ဘူး
​ကကြိုးနဲ့ အရုပ်တစ်ရုပ်လို (အရုပ်တစ်ရုပ်လို)
မင်းကစားစေနိုင်ဖို့ယူ
[bridge]
အိပ်မက်တွေလည်း မက်လို့နေဆဲ
အရူးတစ်ယောက်လိုပဲ ငါလေ ရူးလို့နေတယ်
ဝမ်းနည်းမှုများနဲ့ ငိုချင်းချနေဆဲ
စိတ်ကူးတွေ ပျက်စီးခဲ့
အလွမ်းနဲ့ကုစားဆဲ နင်အချစ်နဲ့ မပြုစားနဲ့
ကိုယ်ရွေးတဲ့ကိုယ်လမ်းပဲ နင်လျှောက်လှည့်ပါကွယ်
မေ့တော့မမေ့နဲ့ မလွမ်းပဲမနေနဲ့
အချစ်တွေ ရှင်သန်နေတုန်းပဲ

[chorus]
တစ်နေ့တော့ ငါ့အချစ် မင်းလေး နားလည်ဖို့အတွက်
​တောင်းဆုပြုတဲ့ ညနက်များထဲ မတွေးတတ်
အလွမ်းဓာတ်ခံမရှိ သေဆုံးလို့နေသည့်
ဒီရင်ခွင်ကို ပြန်လှည့်ကြည့်
နေ့တိုင်းပဲ မင်းနဲ့ လျှောက်ခဲ့ဖူးတဲ့ လမ်းထက်
ပြန့်ကြဲလို့သွားတဲ့ အနမ်းနဲ့ ပွေ့ဖက်ထားလျှက်
အချစ်နဲ့စပြီး အဆုံး​သတ်နာကျည်း
​နေညိုချိန်တွေဆို ပိုလွမ်းပြီ ချစ်သူ…

كلمات أغنية عشوائية

اهم الاغاني لهذا الاسبوع

Loading...