kalimah.top
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

shwe htoo - witch كلمات أغنية

Loading...

ငါနောက်ထပ်မမုန်းချင်ဘူး နောင်တလည်းမရချင်တော့ဘူး
ဟာသလည်းအဖြစ်မခံနိုင်ဘူး နင်ပျော်ရွှင်ရဖို့တစ်ခုတည်းအတွက်

မလိုချင်တော့ဘူးအလိမ်အညာစကားတွေ (ချစ်တယ်)နင် နင်ထပ်မပြောနဲ့
မာယာတွေနဲ့အပေါ်ယံအပြုံးတွေ ကြောက်ဖို့ကောင်းတဲ့စုန်းလိုငါမလွမ်းရဲ

နင်ဟာစုန်းမ ငါဟာရုန်းမရ ငါအမှောင်ထဲလမ်းပျောက်စေခဲ့ အမြဲလိုက်ခြောက်နေဆဲ
အသွေးအသားတောင်းနေတဲ့ နင်ဟာစုန်းမ ငါဟာတုန်းအ ငါရုန်းလို့မထွက်နိုင်
မျက်နှာဖုံးတပ်လက်ကိုင်ဆွဲ အပြုံးနဲ့သတ်နိုင်တဲ့လူမျိုး

အဆက်အသွယ်ဖြတ်ဒီကောင်ကိုဒီလိုအချိန်နင်ထားသွားလည်း $ ရူးလိုခုထိ
ငါ့မှာမင်းကိုလွမ်းနေဆဲ သဘာဝတရားလိုငါ့ရင်ခွင်ကိုနင်ဝင်လာကာမီးရှို့တယ်
လောင်ကျွမ်းခဲ့ငါ့ရဲ့အသည်းတွေနင်လေဘယ်သိမလဲ

နင်မြင်မှာစိုး ရင်ခွင်မှာရွာနေတာမိုး
ငါငိုနေတာမျိုး ဒီအချိန်ဘယ်ရင်ခွင်တိုး
စိတ်နာလိုက်ချင်လို့ အရောင်စုံတာဒိုး
ငါမလိုချင်ပါနိုးးး နင်ချည်နှောင်နေတဲ့ကြိုး
သေရာပါဒဏ်ရာတွေအိုးးး လှောင်အိမ်ထဲကရုန်းလို့မထွက်တဲ့ငါ့အတွက်

နင်ဟာစုန်းမ ငါဟာရုန်းမရ ငါအမှောင်ထဲလမ်းပျောက်စေခဲ့ အမြဲလိုက်ခြောက်နေဆဲ
အသွေးအသားတောင်းနေတဲ့ နင်ဟာစုန်းမ ငါဟာတုန်းအ ငါရုန်းလို့မထွက်နိုင်
မျက်နှာဖုံးတပ်လက်ကိုင်ဆွဲ အပြုံးနဲ့သတ်နိုင်တဲ့လူမျိုး

كلمات أغنية عشوائية

كلمات الأغنية الشائعة حالياً

Loading...