
raywai - amhat ma htin (အမှတ်မထင်) كلمات أغنية
အမှတ်မထင်ပါပဲ
တရွေ့ရွေ့နဲ့အစပျိုးမိခဲ့
အမှတ်မထင်မှာပဲ
အရိပ်တစ်ခုအဖြစ်အသက်သွင်း
အမှတ်မထင်ပါပဲလေ
နံရံတစ်ခုဖြိုခွဲကာ
အချစ်စိတ်လေး ငါသိမ်းဆည်းခဲ့
မျက်လုံးချင်းမှိတ်လို့ နမ်းရှိုက်ခြင်းမှာ
မြင်ကွင်းများရုတ်တရက်လှပလို့လာ
အဆင်ပြေနေပြီ ဘာဖြစ်ဖြစ်ပေါ့ ငါ့ရင်ထဲမှာ
အချစ်ရဲ့နူးညံ့မှုတွေကြား စီးဝင်ကာ
အမှတ်မထင်ပါပဲ
အေးမြရင်းကအေးစက်ခဲ့
အမှတ်မထင်မှာပဲ
နှလုံးသားတို့ကိုက်ခဲ
အမှတ်မထင်ပါပဲလေ
နင့်စကားသံထဲက
အခိုးအငွေ့တို့ ငါမွန်းကြပ်
အမှတ်မထင်မှာပဲ
သနားဇာတ်တို့နင်ခင်းတတ်ခဲ့
အမှတ်မထင်မှာပဲ
အဆိပ်အတောက်များစွာဖြစ်
အမှတ်မထင်မှာပဲလေ
ငါတို့နားလည်ခြင်းတွေ
ဝေးသထက်ဝေးလာတော့
ငါစဉ်းစားမရတော့ တို့နှစ်ယောက်အဓိပ္ဗါယ်
အတူစီးမျောရင်းပဲ အချစ်တစ်ခု ပျောက်ကွယ်
ငါလိုချင်နေတာ အတူထွေးပိုက်ရင်း ဆိတ်ငြိမ်ခြင်းတွေ
ဒီရိုးရှင်းမှုနဲ့ မင်းမနေတတ်ခဲ့
မင်းတောင့်တသမျှ လိုက်လျောဖို့ မဖြစ်နိုင်
အပြစ်ပြောသမျှ ကြိတ်မှတ် အသက်မဆက်တော့နိုင်
ဟိုအရင်တွေလို ငါတိတ်တဆိတ်နဲ့ မချစ်နိုင်တော့ပါ
ပူအိုက်စပ်လွန်းတဲ့ အသိတွေကြား
အမှတ်မထင်မှာပဲလေ
ငါလေမတတ်နိုင်တော့
ဟိုအဝေးဆုံးထိသာပြေးထွက်ရင်း
အမှတ်မထင်ပါပဲလေ
ငါယစ်မူးစွာရူးခဲ့
ချစ်ခြင်းအသိလေးကို နှမြောမိ
အမှတ်မထင်မှာပဲလေ
ငါလေမတတ်နိုင်တော့
ဟိုအဝေးဆုံးထိသာပြေးထွက်ရင်း
အမှတ်မထင်ပါပဲလေ
ငါယစ်မူးစွာရူးခဲ့
ချစ်ခြင်းအသိလေးကို နှမြောမိ
အမှတ်မထင်မှာပဲလေ …
كلمات أغنية عشوائية
- lukas hilbert - was ich an dir mag - single mix كلمات أغنية
- recess radio - luci كلمات أغنية
- jay-z - the ruler's back كلمات أغنية
- pogo - reach كلمات أغنية
- undead corporation - evil but innocent كلمات أغنية
- black lights - walking dead كلمات أغنية
- anitta - na batida كلمات أغنية
- young mc - i'll go كلمات أغنية
- pambo - te quiero mas كلمات أغنية
- chris rea - stony road - live at oxford new theatre 14th april 2006 كلمات أغنية