
pya - lonely in summer كلمات أغنية
[rap 1]
ဝိညာဉ်ကပျံ့လွင့်နေ ခန္ဓာကဆို အခွံကြီး
ခြောက်သွေ့ ပူပြင်းတဲ့ ကန္တာရလို နွံကြီး
အတွင်းထဲမှာ ကြေနေတဲ့ ဒဏ်ရာများကို သွန်ကြည့်
ဇာတ်သိမ်းမှာ မပေါင်းရတဲ့ drama ကားဆို ရွံမိ
အမြဲလိုလို မင့်ပုံရိပ်တွေ နေရာတိုင်းမှာတွေ့တယ်
ဝတ္ထုတိုတွေနဲ့ ကဗျာတိုင်းမှာ ရေးမယ်
သတိရခြင်းတွေ ပါဆယ်ထုတ်ပြီး စာတိုက်ကပေးမယ်
ပျောက်သွားတဲ့ အသည်းတစ်ခြမ်းကို ငါလိုက်ရှာသေးတယ်
လျှက်တပျက် တိုက်ဆိုင်မှုတွေ သတိရဖို့ အလျှင် မှီ လိမ့်မယ်
နားခိုဖူးတဲ့ အပင်၏အဓိပ္ပါယ် မသိတဲ့ နင်သည် သပိတ်လွယ်
46.6 ဒီဂရီစင်တီဂရိတ်
အရည်ပျော်သွားတဲ့ အိမ်မက်တွေအကြောင်းကို
ပြောရင် နင်ရယ်လိမ့်မယ်
psycho တွေ မဖေါက်ခင် အလွမ်းဒဏ်ကိုဖြေဖျောက်ရင်
အဲ့ဒီ စိတ်နဲ့လဲကျ အခန်းဒေါင့်မှာ ခွေခေါက်ရင်း
နေမကောင်းချင် ထမင်းမစားချင် ရေမသောက်ချင်
ဘဝသစ်တစ်ပင်ဆို အချစ်က ရေသောက်မြစ်
[chorus]
ဖုန်းတွေ ပြောချင်တယ်
တစ်ရက်တစ်လေလောက်ဖြစ်ဖြစ်
ဝိုင်အတူ သောက်ချင်တယ်
တစ်ခွက်တစ်လေလောက် ဖြစ်ဖြစ်
ညနေစောင်းရင်ပင်
ငါ့စိတ်ငါ အဖတ်ဆယ်လည်းမရ
သန်းခေါင်ကျော် အိပ်မက်ဆိုးနဲ့
မျှော်လင့်ချက် ရက်လည်တဲ့ ည
ဖုန်းတွေ ပြောချင်တယ်
တစ်ရက်တစ်လေလောက်ဖြစ်ဖြစ်
ဝိုင်အတူ သောက်ချင်တယ်
တစ်ခွက်တစ်လေလောက် ဖြစ်ဖြစ်
ညနေစောင်းရင်ပင်
ငါ့စိတ်ငါ အဖတ်ဆယ်လည်းမရ
သန်းခေါင်ကျော် အိပ်မက်ဆိုးနဲ့
မျှော်လင့်ချက် ရက်လည်တဲ့ ည
[rap 2]
တိမ်ပေါ်မှာ မင့်ရဲ့ ပုံတူဆွဲ
ပင်လယ်ပြင်မှာ မင့်အကြောင်း ကဗျာရေးမယ်
မင့်မရှိသော နွေရက်ရှည်နဲ့
ပျင်းခြောက်စရာ နေ့လည်
ပြတင်းပေါက်မှာတွေ့တဲ့ သတင်းထောက်စာကလေးငယ်ကို
စပါးနှံတွေ ချကျွေးပြီး မင်းအကြောင်းငါမေးမယ်
လွမ်းစိတ်ကို နာတာနဲ့ဖြေတယ်
ဖြေလို့လည်းမပျောက်
သေဖို့ပဲကောင်းတဲ့ ဟော့ဒီ နွေမြို့အလည်ခေါင်
မင့်သာအနားမှာရှိရင် ငါ့အတွက် မေမြို့ရဲ့ဆောင်း
မင့်သွားမယ့်လမ်းမှာ ငါဟာခင်းထားတဲ့ပန်း
ဘာမှ မစဉ်စားနဲ့ နင်းသွားခဲ့စမ်း
ဖွင့်ထားတဲ့ ပြတင်းတံခါးရယ်
လက်မစုံတဲ ထမင်းစား ဧည့်ခန်း
အမေဝင်ကာ ရှင်းမသွားတဲ့ အခန်းထဲ
အကျဉ်းကျတဲ့ အလွမ်း
ကြမ်းခင်းမှာ မြှပ်နေတဲ့ လွမ်းချင်း ကဗျာ တစ်ပုဒ်
ရှင်းမရတဲ့အခန်းအတွင်းမှာ တစ်လှမ်းချင်းရှာထုတ်
အမှတ်မထင် အခန့်မသင့်လို့ လမ်းကျဉ်းမှာဆုံလည်း
အရင်လို နှုတ်ခမ်းချင်းပြန် နမ်းဖြစ်မှာမဟုတ်
[chorus]
ဖုန်းတွေ ပြောချင်တယ်
တစ်ရက်တစ်လေလောက်ဖြစ်ဖြစ်
ဝိုင်အတူ သောက်ချင်တယ်
တစ်ခွက်တစ်လေလောက် ဖြစ်ဖြစ်
ညနေစောင်းရင်ပင်
ငါ့စိတ်ငါ အဖတ်ဆယ်လည်းမရ
သန်းခေါင်ကျော် အိပ်မက်ဆိုးနဲ့
မျှော်လင့်ချက် ရက်လည်တဲ့ ည
ဖုန်းတွေ ပြောချင်တယ်
တစ်ရက်တစ်လေလောက်ဖြစ်ဖြစ်
ဝိုင်အတူ သောက်ချင်တယ်
တစ်ခွက်တစ်လေလောက် ဖြစ်ဖြစ်
ညနေစောင်းရင်ပင်
ငါ့စိတ်ငါ အဖတ်ဆယ်လည်းမရ
သန်းခေါင်ကျော် အိပ်မက်ဆိုးနဲ့
မျှော်လင့်ချက် ရက်လည်တဲ့ ည
[rap 3]
အမြင့်ကို ဂုတ်ကကူမ ပြီးတော့မှ ပုပ်ချသူလား
အပြုံးက ပြုစား ဝတော့မှ နှုတ်က ကုစား
လိုအပ်မှ အသုံးချမှုများအောက် ဘဝက လုံးဝ ထူမရ
မင့်ပေးတဲ့ ဒုက္ခအပူများနဲ့ မနုဿလူသား
လေရူးက ခက်ထန်ရင်း ကြွေရရှာ လက်ပံပွင့်
ဥသြငှက်တွေ ဖြတ်ပျံရင်း နွေဦးကို အသက်ပြန်သွင်း
ရေဒီယိုတစ်ချက်ပြန်ဖွင့် အလွမ်းသီချင်း ရက်မှန်လွှင့်
သံယောဇဉ်တွေ ပြတ်ကျန်ရစ်
သူစိမ်းတစ်ယောက်လို မဆက်ဆံသင့်
[chorus]
ဖုန်းတွေ ပြောချင်တယ်
တစ်ရက်တစ်လေလောက်ဖြစ်ဖြစ်
ဝိုင်အတူ သောက်ချင်တယ်
တစ်ခွက်တစ်လေလောက် ဖြစ်ဖြစ်
ညနေစောင်းရင်ပင်
ငါ့စိတ်ငါ အဖတ်ဆယ်လည်းမရ
သန်းခေါင်ကျော် အိပ်မက်ဆိုးနဲ့
မျှော်လင့်ချက် ရက်လည်တဲ့ ည
ဖုန်းတွေ ပြောချင်တယ်
တစ်ရက်တစ်လေလောက်ဖြစ်ဖြစ်
ဝိုင်အတူ သောက်ချင်တယ်
တစ်ခွက်တစ်လေလောက် ဖြစ်ဖြစ်
ညနေစောင်းရင်ပင်
ငါ့စိတ်ငါ အဖတ်ဆယ်လည်းမရ
သန်းခေါင်ကျော် အိပ်မက်ဆိုးနဲ့
မျှော်လင့်ချက် ရက်လည်တဲ့ ည
كلمات أغنية عشوائية
- maggie baird - i know كلمات أغنية
- male siri - ur so perfect! كلمات أغنية
- yhung t.o. - down chick pt. ii كلمات أغنية
- vic jita - straadi كلمات أغنية
- barrett strong - whirlwind كلمات أغنية
- krystl - broken hearted girl كلمات أغنية
- curtis waters - prom night كلمات أغنية
- gia farrell - goodbye (it's time) كلمات أغنية
- dok2 - can't let you go كلمات أغنية
- david ruffin - a little more trust [stereo promo version] كلمات أغنية