
pya - alien كلمات أغنية
[rap 1]
အားမနာတဲ့နှိုးစက်ကြောင့် ထလာတဲ့ ကိုယ့်မနက်
စားစရာမဲ့ နို့တစ်ခွက်က လစာမဲ့အကျိုးဆက်
ဘာမှလည်း မတိုးတက်တဲ့ အမှားတစ်ရာနဲ့ မြို့ပျက်
ဥပဒေကို အသပြာ များစွာနဲ့ ဖို့သတ်
သနားစရာပဲ so sad ဘဝမနာတဲ့တစ်ချို့တွက်
စကားအရာနဲ့ နားအလွှာထဲ ဓါးမပါပဲထိုးနှက်
လမသာတဲ့ ဟိုးတစ်ဖတ် ထကာဝဲ ဂျိုးငှက်
အချစ်ဆိုတာ ငါ့ကမ္ဘာထဲ ခဏရွာတဲ့ မိုးစက်
ကုတင်ဘေးက မီးအိမ်အဝါလေးအား
ငါပြေးကာပိတ်ချ
နဖူးပျော်လက်တင် စဉ်စား
ဘာတွေ စရာ ကိစ္စ
တစ်ခုမှ မရှိလည်း တစ်ညလေးမှ
ငါတစ်ရေးမှ အိပ်မရ
ငါဘေးမှာစိတ္တဇ ရှာမတွေ့တာအဘိဇ္ဈာ
ကဲ မျော်လင့်ချက်တွေ အိပ့်ကြတော့
အတော် ညဉ့်နက်နေပြီ
အတ္တတွေ အလိုက်မသိစွာ
အော်ဟစ်ပတ်ပြေး
drepession နဲ့ psycho ကတော့
အဖေါ်ဖြစ် ထက်နေမည်
ရပါတယ် မလိုတော့ဘူး
ကျွန်တော်ရင့်ကျက်နေပြီ
[chorus]
ငါ့စိတ်တွေ ငါ့အတိတ် ဘဝအဓိပ္ပါယ် ဘာတွေပြလိမ့်မလဲ
ငါ့စိတ်တွေ ငါ့အရိပ်တွေ ဘဝအဓိပ္ပါယ် ဘာလိုပြလိမ့်မယ် ငါမသိ
[rap 2]
လျှာမှာ အဆိပ်တွေနဲ့ အခါခါ လာကာမိတ်ဆွေဖွဲ့
အိန္ဒြိယတွေနဲ့ ပတ်သတ်လာရင် အရာရာဘာမှစိတ်မရှည်ခဲ့
မာစတာဘိတ်တွေနဲ့ အသာယာ အာသာကြိတ်ဖြေတဲ့
သံသရာတောထဲမှာပဲ မကြာမကြာ ငါဟာပိတ်နေတယ်
မျက်ရည်စတွေ ခေါင်းအုံးပေါ် စီးဆင်းတဲ့ည
ငြီးချင်းနဲ့စတဲ့ ပြဇာတ်တွေ မပြီးမချင်ပဲက
နည်းစနစ်အလွဲကြား အစမ်းသက်ခံ ကြီးပြင်းတဲ့ဘဝတွေ
မွန်းကြပ်မှုတွေရဲ့ ထွက်ပေါက်တစ်ခု
မီးခြစ်နဲ့စ
လူသားတွေနဲ့ ဓါတ်မတည့်လို အခြေတင်မိရာက
jဝင်သည့်ကမ္ဘာမှာ မနေချင်သည့်အခါ ခြေလျင်ခရီးငါ စ
depressionတွေ ဝေဟင်ခရီးမှ
လေယာဉ်စီးလာကြ
မသေခင်ကြည့်ကာသွား ချင်သေးတယ်
နေဝင်ဆည်းဆာအလှ
ငါ့အတွက်တော့ အတိတ်ဆိုတာ ဖတ်စရာမပါတဲ့ဗလာကြီး
ပြသနာရှာတဲ့ကမ္ဘာကြီး ထွက်ခွါလာတဲ့ ငါ့ခရီး
ရက်ရာဇာလည်း ငါမသိ နတ်ဆရာတကာပြပြီး
စောက်ကြောတင်းတဲ့ ဂြိုလ်သားတစ်ကောင်
စကြာဝဠာထဲမှာရှိတယ်
[chorus]
ငါ့စိတ်တွေ ငါ့အတိတ် ဘဝအဓိပ္ပါယ် ဘာတွေပြလိမ့်မလဲ
ငါ့စိတ်တွေ ငါ့အရိပ်တွေ ဘဝအဓိပ္ပါယ် ဘာလိုပြလိမ့်မယ် ငါမသိ
كلمات أغنية عشوائية
- pradamilli - not a celebrity كلمات أغنية
- ashley grachanin - perfection isn't always perfect (i'm just a girl) كلمات أغنية
- the size queens - oui كلمات أغنية
- graveem1nd - my life كلمات أغنية
- puerto muerto - walking boss كلمات أغنية
- black orchid empire - hydrogen كلمات أغنية
- выключи свет (turn off the light) - киндеры (kinders) كلمات أغنية
- the change (rd) - lalaland كلمات أغنية
- ryu, the runner - diamonds on me كلمات أغنية
- thedeeepend - hollow كلمات أغنية