
ivory prince - apocalypse (ကမ္ဘာပျက်ကြီး) كلمات أغنية
“နင်ထားရက်ခဲ့တယ်”
မင်းပြောတော့ လွယ်လွယ်ပဲ
မင်းနဲ့ငါမိုင်ကုန်ပဲ
တစ်သက်စာပေးခဲ့တာ ဒီဒဏ်ရာပဲ
(အို မင်းအပိုင်) စိုးမိုးခဲ့တာ
ထားပါ ငါ့ရဲ့အပြစ်တွေပဲ ထား
ဒီလိုအဆုံးသတ်ခဲ့ရတာ ရှင်းပြပေးခွင့်ပေးပါလား
“ထွက်သွားရက်ခဲ့တယ်”
မင်းအတွက်တော့လွယ်လွယ်ပဲ
ဘယ်တော့မှမင်းပြန်လာမလဲ
ဟောဒီမေးခွန်းတွေမှာငါအဖြေရှာဆဲ
(ငါ့မှာ) ရူးမတတ်ချစ်ခဲ့တာ
ထားပါ ငါ့ရဲ့ချစ်တွေပဲ ထား
(အမြဲတမ်းငါ) အရှံးပေးခဲ့တာ အို မင်းမှမသိခဲ့တာကွာ
အို ဒီလမ်းမကြီး ခြောက်ခြားနေ
ငါ့မှာလမ်းပျောက်ခါ ဝေဝါးဆဲ
ငါ့အတွေးထဲမင်း
မင်းပြောတဲ့အခြားတစ်ယောက်နဲ့သာရှိမလား
ကဲပါ ထားခဲ့လိုက်ပါ သွား (သွားပါ)
ငါ့မှာတော့စောက်ရူးပဲ
ဘာမှမထူးခဲ့ တညလုံးလဲ
မေ့လို့မရအောင် စုတ်ပြတ်နေတာ ကျိန်စာတစ်မျိုးပဲ
အထပ်ထပ်အခါခါဘဲ နှိပ်စက်ကာသွားခဲ့
မထူးဆန်းတော့ပါလုံးဝ ဒါဟာမင်းရဲ့ဗီဇပဲ
တစ်ယောက်တစ်မျိုးနဲ့ သုံးသပ်ဝေဖန်ရခက်နေတာ အဆင်မပြေတော့လိုပါကွာ
နောက်ဆုံးလည်း မင်းနဲ့ငါမတူညီတဲ့ဘဝတွေပါ ဝန်ခံရခက်နေသလား
“နင်ထားရက်ခဲ့တယ်”
မင်းပြောတော့ လွယ်လွယ်ပဲ
မင်းနဲ့ငါမိုင်ကုန်ပဲ
တစ်သက်စာပေးခဲ့တာ ဒီဒဏ်ရာပဲ
(အို မင်းအပိုင်) စိုးမိုးခဲ့တာ
ထားပါ ငါ့ရဲ့အပြစ်တွေပဲ ထား
ဒီလိုအဆုံးသတ်ခဲ့ရတာ ရှင်းပြပေးခွင့်ပေးပါလား
“ထွက်သွားရက်ခဲ့တယ်”
မင်းအတွက်တော့လွယ်လွယ်ပဲ
ဘယ်တော့မှမင်းပြန်လာမလဲ
ဟောဒီမေးခွန်းတွေမှာငါအဖြေရှာဆဲ
(ငါ့မှာ) ရူးမတတ်ချစ်ခဲ့တာ
ထားပါ ငါ့ရဲ့ချစ်တွေပဲ ထား
(အမြဲတမ်းငါ) အရှံးပေးခဲ့တာ အို မင်းမှမသိခဲ့တာကွာ
နှလုံးသားမဲ့ ဦးနှောက်ပျက်နေသလား
အမှတ်မရှိမဲ့ ငါ့ကိုအပျင်းပြေကစား
ဒီလိုအဆုံးသတ်မရှိတဲ့ ကောင်းကင်ကြီးတစ်ခုလို ငါ့မှာတော့
ရပ်တည်ရခက်နေတာ အဓိပ္ပာယ်ရောရှိရဲ့လား
ဖြစ်ပျက်နေ ငါ့မှာအိပ်စက်မရပါ ထိတ်လန့်
ပြက္ခဒိန်ပျောက်ခါ အေးစက်
စိတ်ဓါတ်တွေ တမုန်းကျကာ မေ့မရတော့ပါလား
မင်းပြုံးပြီးသာ အဆက်ဖြတ်လိုက်ပါတော့ကွာ
တစ်ယောက်တစ်မျိုးနဲ့ သုံးသပ်ဝေဖန်ရခက်နေတာ အဆင်မပြေတော့လိုပါကွာ
နောက်ဆုံးလည်း မင်းနဲ့ငါမတူညီတဲ့ဘဝတွေပါ ဝန်ခံရခက်နေသလား
“နင်ထားရက်ခဲ့တယ်” (နင်ထားရက်ခဲ့လဲ)
မင်းပြောတော့ လွယ်လွယ်ပဲ
မင်းနဲ့ငါမိုင်ကုန်ပဲ
တစ်သက်စာပေးခဲ့တာ ဒီဒဏ်ရာပဲ
(အိုမင်းအပိုင်) စိုးမိုးခဲ့တာ (စိုးမိုးခွင့်ပေးထားတာ)
ထားပါ ငါ့ရဲ့အပြစ်တွေပဲ ထား
ဒီလိုအဆုံးသတ်ခဲ့ရတာ ရှင်းပြပေးခွင့်ပေးပါလား
“ထွက်သွားရက်ခဲ့တယ်” (ထွက်သွားရက်ခဲ့လဲ)
မင်းအတွက်တော့လွယ်လွယ်ပဲ
ဘယ်တော့မှမင်းပြန်လာမလဲ
ဟောဒီမေးခွန်းတွေမှာငါအဖြေရှာဆဲ
(ငါ့မှာ) ရူးမတတ်ချစ်ခဲ့တာ (ရူးမတတ်အရမ်းချစ်ခဲ့တာ)
ထားပါ ငါ့ရဲ့ချစ်တွေပဲ ထား
(အမြဲတမ်းငါ) အရှံးပေးခဲ့တာ အို မင်းမှမသိခဲ့တာကွာ
ကံကြမ္မာဆိုတာ ဟာသပဲ မင်းရဲ့ အတ္တနဲ့မာနရယ်
စိတ္တဇသိပ်ဆန်လွန်းတယ် ချုပ်ထိန်းမရတော့ပါ ငါ့အတွက်
ကမ္ဘာပျက်ကြီးဖြစ်အောင် ဘယ်လိုဖျက်ဆီးခဲ့သလဲ
လောင်မြိုက်နေရတယ်ခုချိန်ထိ
ငါကြံရာမဲ့ပြီဘဲ
ကြံရာမဲ့နေဆဲ
كلمات أغنية عشوائية
- pink floyd - time (2023 eg mix) كلمات أغنية
- les vieilles salopes - la grosse tâche كلمات أغنية
- slightlycreative - seaweed كلمات أغنية
- йо (yoh) (ukr) - дізана (dizana) كلمات أغنية
- adel tawil - feuer & eis كلمات أغنية
- selfmxdebless - mylord كلمات أغنية
- harry x - invisible كلمات أغنية
- plazma - climb any hill كلمات أغنية
- canozan - aşkın bu sarhoşluğu (akustik) كلمات أغنية
- totognagzmau - don’t last forever كلمات أغنية