
hate ko - ဆောင်းလယ် ၃၀ كلمات أغنية
အေးစက်လွန်းတဲ့ ဆောင်းရက်တွေ
ကိုယ် ပြန်မြင်ယောင်တယ်
မင်းအငွေ့အသက် စီးဝင်နေခဲ့
အလွမ်းသီချင်းနဲ့ ဆောင်းလယ်ညထဲ
ကိုယ် တစ်ယောက်တည်း
အတူရယ်မောခဲ့ကြတဲ့ အချိန်များ
မြူမှုန်တွေကြားက ဝေဝါးခဲ့တဲ့ အမှတ်တရများ
ကိုယ်မထင်သော စိမ်းကားခြင်းတွေနဲ့
နင်ဟာ အေးစက်သွားခဲ့နိုင်လည်း
ကိုယ် မျှော်လင့်နေဆဲ အရင်နေရာလေးမှာပဲ
နင် ကြင်နာခြင်းတွေ လေအေးတွေနဲ့ ကုန်စင်မျောပါခဲ့
အိုး မနွေးထွေးတော့မယ့် ငါ့ရဲ့နေ့တွေနဲ့
ရင်ခွင်တစ်စုံဟာ တကယ် မစုတ်ပျက်ခဲ့ရုံတမယ်လေး
မျှော်လင့်နေသူ ငါကံဆိုးပါတယ်
နင် ကြင်နာသွားတဲ့ သူရဲ့ဘဝထဲ ပျော်ရွှင်လို့နေမယ်
ငါ မမြင်ချင်ဘူး မင်းရဲ့ အပြုံးတွေလည်း
ငါမဟုတ်တဲ့ သူအနားမှာ အဆင်ပြေရင်
ငါ့နှလုံးသား ဝမ်းနည်းတယ်
ဒီဇင်ဘာ ၃၀ ရှင်လျက်သေ ကိုယ့်နှစ်ပတ်လည်
မြေနီလမ်းလေးရယ် သူချိန်းဆိုလို့ ရောက်ရှိခဲ့
ဖြတ်သန်းရမယ့် နှစ်ယောက်အတူအနာဂတ်ကို မယုံကြည်ဘူးတဲ့
ခုတ်မောင်းခဲ့ပေါ့ ရထားငယ် မြို့လေးဟာ မီးခိုးအူကျန်ခဲ့
မြူနှင်းများအလယ် အတူလမ်းလျှောက်ချင်တယ်
ဝေဝါးတဲ့အရွယ် အတူလမ်းပျောက်ချင်တယ်
ပေါ့ဆတဲ့ ကလေးငယ် အနွေးထည်လည်းမပါ အေးနေမယ်
ကိုယ့်အချစ်အရဲ့အဓိပ္ပာယ် ဆွယ်တာလေးဟာ နွေးစေမယ်
အခုတော့ အရာရာပြီးခဲ့ပြီ တို့ရဲ့ အတိတ်ဟာ ပုံပြင်ပဲ
ဆောင်းရောက်ချိန်ဆို ယင်းထလို့ နှလုံးသားလေးဟာ နာကျင်ဆဲ
နင် ဘဝသစ်တစ်ခုမှာ နေထိုင်ခဲ့
ငါသာ မြွေအိုတစ်ကောင်လို အခုထိ အရေခွံမလဲနိုင်ခဲ့
ကိုယ် မျှော်လင့်နေဆဲ အရင်နေရာလေးမှာပဲ
နင် ကြင်နာခြင်းတွေ လေအေးတွေနဲ့ ကုန်စင်မျောပါခဲ့
အိုး မနွေးထွေးတော့မယ့် ငါ့ရဲ့နေ့တွေနဲ့
ရင်ခွင်တစ်စုံဟာ တကယ် မစုတ်ပျက်ခဲ့ရုံတမယ်လေး
မျှော်လင့်နေသူ ငါကံဆိုးပါတယ်
နင် ကြင်နာသွားတဲ့ သူရဲ့ဘဝထဲ ပျော်ရွှင်လို့နေမယ်
ငါ မမြင်ချင်ဘူး မင်းရဲ့ အပြုံးတွေလည်း
ငါမဟုတ်တဲ့ သူအနားမှာ အဆင်ပြေရင်
ငါ့နှလုံးသား ဝမ်းနည်းတယ်
كلمات أغنية عشوائية
- abba - super trouper (live) كلمات أغنية
- .gif from god - when you yell at me, make sure it hurts my feelings كلمات أغنية
- moe phoenix - hrsn كلمات أغنية
- rīgas modes - skonto rezervisti كلمات أغنية
- thanks for coming - when the weather gets cold كلمات أغنية
- jaebanzz - real love? كلمات أغنية
- guess who - fuck ce vreau! كلمات أغنية
- fukkit - untitled كلمات أغنية
- page - kurragömma كلمات أغنية
- tetsuya takahashi - drifting soul كلمات أغنية