
gealluss - sate كلمات أغنية
rap 1: သူငယ်ချင်း မင်းဘာကြောင့်စိတ်ညစ်နေလဲ
အတုအယောင်တွေပေါတဲ့ခေတ်ထဲမခံစားနဲ့ fakeအချစ်တွေအတွက်
အေးဆေးဘဲ ဘဝကိုသာပျော်ပျော်ရှေ့ဆက်သွား
ငါတို့တွေဖြတ်သန်းရဦးမှာဒီထက်ခက်ခဲတဲ့နေ့ရက်များ
ပတ်ဝန်းကျင်ကပြောတဲ့စကားတွေလဲ ဂရုမစိုက်နဲ့
ကိုယ်နဲ့ဖြစ်တည်မှုချင်းကွာတဲ့အကျင့်က သူ့စရိုက်နဲ့သူ
မင်းကိုပျော်စေမယ့်အရာက မင်းရဲ့ယုံကြည်မှုပဲ
ဝါသနာနဲ့စိတ်လှုပ်ရှားဖွယ်ရာတွေ ပုံစီထုခဲ့
ဘာမှအားမငယ်ပါနဲ့ အခက်အခဲဆိုတာခန
ပတ်ဝန်းကျင်ကြောင့် စိတ်ဓာတ်တွေကျ auh! ဆဲဆိုတာဘဝ
အမြဲလိုကွာခြားတဲ့ ကံကြမ္မာလည်း မျက်နှာများတယ်
အဲ့တော့မငိုနဲ့တော့ ပြုံးပြုံးလေးပဲအဆိုးတွေကိုနောက်လှည့်တာ့တာပြ
တကယ်တော့မင်းရဲ့စိတ်ညစ်မှုကိုမေ့ပြီး သွေးအေးကာကွယ်
မိသားစုအရိပ်မှာခိုလှုံ အရမ်းကိုနွေးထွေးပါတယ်
ကံကြမ္မာကြီးကလည်းအဆိုးတွေပေးပေးညာတယ်
ဘဝကိုပျော်အောင်ဖြတ်သန်းပါသူငယ်ချင်းအားလုံးဟာအေးဆေးပါပဲ
cho : ဘာအတွက် ဘာအတွက်စိတ်ညစ်နေလဲ
လူတိုင်း ဒုက္ခအခက်အခဲဆိုတာတော့ရှိကြတယ်(အရှုံးမပေးနဲ့သူငယ်ချင်း)
ဘာအတွက် ဘာအတွက်စိတ်ရှုပ်နေလဲ
လူတိုင်း အကောင်းအဆိုးတွေအမြဲဒွန်တွဲရှိမှာပဲ
အားမလျှော့လိုက်ပါနဲ့
rap 2: အိမ်မှာတစ်မျိုးအလုပ်မှာတစ်မျိုး ပြဿနာတက်နေလဲ
စိတ်အေးအေးထားပြီးရှေ့ဆက်ပါ
လူတွေရဲ့စိတ်ကပုံမှန်မဟုတ် အတ္တတွေထားကြတာခက်တာ
မင်းလဲလွတ်လပ်စွာဖြတ်သန်းပေါ့ အပူတွေမေ့လိုက် တစ်သက်စာ
ကျော်လွှားရဦးမှာမင်းဘဝဟာဒီမှာစ
လောကထဲချပေးလိုက်တဲ့ဘဝတွေဟာမညီညာလှ
အဲ့တော့ကြိုးစား ဘယ်တော့မှအရှုံးမပေးနဲ့
လူတစ်ယောက်ကမင်းကိုနှိမ်လောက်တဲ့အထိလဲ ဒုံးမဝေးနဲ့
ရှေ့ဆက်အခက်ခဲတွေပဲ လောကဓံဝယ်
လူတစ်ယောက်ကိုလွယ်လွယ်နဲ့ အမုန်းစကားတွေပြောရန်မလွယ်
အမြဲတမ်းအရောတဝင်နေတော့ ကြာလာရင် ပေါပြန်တယ်
နောက်ဆုံးတော့ဒီသံသရာထဲမှာပဲ တစ်ကျော့ပြန်နွယ်
cho : ဘာအတွက် ဘာအတွက်စိတ်ညစ်နေလဲ
လူတိုင်း ဒုက္ခအခက်အခဲဆိုတာတော့ရှိကြတယ်(အရှုံးမပေးနဲ့သူငယ်ချင်း)
ဘာအတွက် ဘာအတွက်စိတ်ရှုပ်နေလဲ
လူတိုင်း အကောင်းအဆိုးတွေအမြဲဒွန်တွဲရှိမှာပဲ
အားမလျှော့လိုက်ပါနဲ့
كلمات أغنية عشوائية
- mirabai kukathas - dirt كلمات أغنية
- ghost n - lives burned, hearts turned pt. i كلمات أغنية
- dizzy905 - space jam كلمات أغنية
- nehaguitar! - for sherry, from nelly كلمات أغنية
- no rest for the astronauts - jack-in-the-box كلمات أغنية
- balsam range - richest man كلمات أغنية
- xaxanity - smoking cigarettes' with my eyes closed كلمات أغنية
- gracie ella - sleep on me (eyes closed) كلمات أغنية
- appledream - cocaine shop كلمات أغنية
- ostan stars - 33.marubadiyum ezhumbiduven كلمات أغنية