
gealluss - hlay ka htit كلمات أغنية

rap:
ဒီနေ့တစ်နေ့တာလုံး ဘာအလုပ်မှမရှိတော့ ပြေးနေတဲ့အတွေးတွေကို
သီချင်းတစ်ပုဒ် အဖြစ်နဲ့ ရေးကာထုတ်
အဖြေရှာကြည့်လည်း မတွေ့တာမို့
ဒီပညာရေးက ဘာတွေများ မက်စရာရှိသလဲလို့ မေးပါဦးမယ်
ဆယ်နှစ် ဆယ်မိုး လေ့လာလို့လည်း ဘယ်နေရာမှာမှအသုံးမဝင်တဲ့
သင်ရိုးစာအုပ်တွေကို ချေးသာကုန်း
assignmentတွေလဲ ရေးရတုန်း
လာဘ်လာဘတွေ ပေးရတုန်း
သက်တမ်းတစ်ဝက်လောက် ပြေးကာရုန်းလည်း
လုပ်ငန်းအတွေ့အကြုံ တွေ့မှာမဟုတ်
လူငယ်ဘဝဟာ အညွှန့်ပါတုံး
တုံး တုံး တုံး တုံးကာလည်းပါး ကုန်းကာအမြဲထ ရုန်းလာခဲ့သမျှ
ဖင်မွေးဖြူပြီး အဆုံးမှ ဘွဲ့ရ
ရတဲ့ ဘွဲ့ဓါတ်ပုံလည်း ဧည့်ခန်းနံရံမှာ
ချိတ်ဖို့ကလွဲပြီး သုံးကာလည်းမရ
အတွေ့ကြုံမရှိရင် အလုပ်ကလည်းရှား
လုပ်စရာနည်းပါးလို့ diplomaတွေ လိုက်တက်ရင်းက လုံးဝမွဲ သွား
ကျုပ်ဘဝထဲက အဆုံးအစဆွဲပြမယ်
မူလတန်းရဲ့ ကျောင်းသားဘဝ
ကတည်းကစပြီး လေးပင်လွန်းတဲ့
စာအုပ်တွေထမ်းပိုးကာ ကျောင်းသွားရ
ဝလုံးတွေဝိုင်း က ကြီးတွေရေး တစ်ဆင့်ထက် တစ်ဆင့်ခက် တစ်တန်းတိုးလာ
စနစ်အဟောင်းများကြား ဇောင်းကြွကြွနဲ့
ဆရာမတွေ မလုံလောက်တာ ကျောင်းလခဟု အကြောင်းပြကြ
ခေါင်စားစရာ ပုစ္ဆာတွေကို နားမလည်လို့
ခေါင်းကုက်ကာ ပါးစပ်တွေ အဟောင်းသားများ
ဖြစ်နေရင်တော့ သူ့ကျူရှင်ကို လာတက်ကြရန် ဖြောင်းဖြကြ
ဒါမှအမှတ်တွေကောင်းသားရ
သူ့ကျူရှင်ကို မတက်တဲ့သူတော့ မြောင်းကြားသွား
အမှတ်တွေကောင်းဖို့ မတောင့်တရ
ဖြစ်လာလိမ့်မယ် နောက်ဘဝမှ(နောက်ဘ၀မှ)
english လို ငပိသံနဲ့ တက်သလောက်မှုတ်
ဘဝတွက်တာဆို အပ်ချည်နဲ့ ဖြတ် ဖောက်ချုပ်
ဂီတချိန်ဆို လက်ခုပ်တီး လက်ခေါက်မှုတ်
ကာယချိန်ဆို စုပေါင်းပြီးတော့ မြတ်ကောက်နုတ်
မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ်
ထထ အော်ပြမယ် မရှက် မကြောက်မို့
သာရေး နာရေးကြောင့်ဆိုပြီး ဘာကြေး ညာကြေးကောက်
languageနဲ့computerခန်းကို ငါတို့ တစ်ခါလေး မရောက်
ဒါလေးkeyboard ဒါလေး mouseတောင် မသိတဲ့ ဘဝပေးကောင်း
ကျောက်တိုင်ပေါ်မှာ ကဗျည်းထိုးထားတဲ့ စာလေးတစ်ကြောင်းက
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို ထပြေးဆောက်မတဲ့
cho: ဒါပညာရေး ဒါပညာရေးတဲ့
ဘာမှကို အရာထင်တာမတွေ့လို့ အနာဂတ်ကို ငါရင်ပါလေးတယ်
ဒါပညာရေး ဒါပညာရေးတဲ့
အသုံးကျမယ့် စာသင်တာမတွေ့လို့
စာတက်ဖို့ ရွာပြင်သာပြေးခဲ့
yeah!
كلمات أغنية عشوائية
- luciano - shake it كلمات أغنية
- about jesus - the cross كلمات أغنية
- maine laveau - judas كلمات أغنية
- izaya tiji - plastic كلمات أغنية
- fullax - must have (extended version) كلمات أغنية
- koethe - puzzle كلمات أغنية
- cognito - me be me كلمات أغنية
- boldy james & sterling toles - detroit river rock كلمات أغنية
- kwesi tumtum - baba god كلمات أغنية
- pagode do jappa - imaturidade كلمات أغنية