
charm tunes - moonlight (လရောင်) كلمات أغنية
[verse]
လရောင်ရဲ့ လမ်းမထက်မှာ တို့ဆုံခဲ့
လှေကားထစ်အဟောင်းလေးမှာ
ထိုင်နေရင်း
မြက်ခင်းစိမ်းစိမ်းတွေ ငေးကြည့်ဖူးတယ်
မပြိုလဲနိုင်ခြင်း ငါတို့ရဲ့ အချစ်တွေ
တွေ့ဆုံခြင်း ထာ၀ရမြဲလိမ့်မယ်
ယုံကြည်လည်း
ဒီကတိတွေ သစ်ရွက်ခြောက်လို မြေမှာနွမ်းလျ
[pre_chorus]
သူထွက်သွားတဲ့ အဝေးကို
လှမ်းလို့ မျှော်ကြည့်ရင်း
တားဆီးဖို့ အတွက် ဒီနှုတ်ခမ်းဖျားမှာ ဆွံ့အနေ
ပြန်မဆုံတွေ့ဖို့ ဖြစ်လာတယ်
တိုးတိတ်လို့ ငြိမ်သက်
ဒီ ငါးမိနစ်လေးသာ
တစ်သက်လုံးအတွက် သိမ်းထားလိုက်ချင်တယ်
[chorus]
စိတ်ချပြီး ထွက်သွား
ငါ့ရဲ့ အမည်းစက်တွေနဲ့
မင်းရဲ့ ဘ၀ကို အရောင်တွေ မဆိုးပါရစေနဲ့
စိတ်ချပြီး ချန်သွား
ပေါင်းစပ်ဖို့မှ မဖြစ်နိုင်တာ
ဖြူစင်မှုတို့နဲ့ ဘ၀ကို အသစ်က ပြန်စ
[verse]
ပြောင်းလဲမရနိုင်တဲ့ ကံတရားရယ်
နဖူးစာမှာ ပါလာတဲ့ အပြစ်အနာအဆာများ
ငါချစ်ခဲ့တယ် ၊ ငါယုံစားတယ်
တစ်နေ့နေ့ ဒီလိုမျိုးတွေ ဖြစ်လာမှာလား ငါမသိခဲ့
သုညနဲ့ စခဲ့တဲ့ ခရီးက စမှတ်မှာ ပြန် အဆုံးသတ်
ပြဌာန်းခဲ့ပြီးသား မင်းအချစ်နဲ့ မထိုက်တန်
ငါငြင်းဆန်နေခဲ့လည်း ရှောင်လွှဲလို့ မရနိုင်တာ မုန်းရန်
ဘုံဘ၀တွေ ကွာဝေးတဲ့ မင်းနဲ့ငါ့ကြား ဖြတ်မျဉ်းတွေတား
ငါတရှိုက်မက်မက် အခုထိ စွဲလမ်း နေသေးလည်း
အဆုံးသတ်ကျ သက်ပြင်းတွေချ
ကြုံရမယ့် လောကဓံအတွက် မင်းအားတင်းထား
ငါမရှိလည်း မင်းနေသားကျသွားမှာ
ငါ့ရင်ဘတ်ကို အရှုံးခံ
နုံအတဲ့ ဒီ ကြိုးတွေကို မေ့ပစ်ပြီး မင်းအဝေးကိုသွား
မာယာတွေ များတဲ့ ဒီလောကကြီးထဲ
မင်းလမ်းပျောက်သွားမှာ ငါစိုးရိမ်မိလို့
အသုံးခံ ခစားချင်လည်း
ရင်နာလည်း မင်းဘ၀အတွက် ဆုံးဖြတ်တယ်
မင်းလေးကို နာကျင်စေလိုစိတ် မရှိပါ ကလေးရာ
ငါတို့ဝေးသွားတဲ့ အချိန်မှာ
ကြယ်တွေကို ရေခဲ့တဲ့ အမှတ်တရတွေအတွက်
ကောင်းကင်ကိုမော့ကြည့်တိုင်း သတိရပေးပါ
[chorus]
စိတ်ချပြီး ထွက်သွား
ငါ့ရဲ့ အမည်းစက်တွေနဲ့
မင်းရဲ့ ဘ၀ကို အရောင်တွေ မဆိုးပါရစေနဲ့
စိတ်ချပြီး ချန်သွား
ပေါင်းစပ်ဖို့မှ မဖြစ်နိုင်တာ
ဖြူစင်မှုတို့နဲ့ ဘ၀ကို အသစ်က ပြန်စ
كلمات أغنية عشوائية
- kizaru - real things كلمات أغنية
- d-tin - the search كلمات أغنية
- avereaux - sorry كلمات أغنية
- wiz khalifa - can't be stopped كلمات أغنية
- sanne salomonsen - taxa كلمات أغنية
- moein - havaye khoone كلمات أغنية
- рем дигга (rem digga) - половина (polovina) كلمات أغنية
- the carter family - black jack david كلمات أغنية
- ua - curse كلمات أغنية
- shit & chalou - smuk og dejlig كلمات أغنية