kalimah.top
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

charm tunes - အိမ်ပြန်ရရင် (eain pyan ya yin) كلمات الأغنية

Loading...

[verse]
ဘယ်အချိန်ပြန်ရောက်မလဲ? တစ်နေ့တော့ မျှော်လင့်တယ်။ ရေမြေခြားတဲ့ အိမ်လေးရယ်။ အချိန်တွေကြာလွန်းတယ်။ မဝေးဘူး ပြန်ရမယ်။ ရက်လနှစ်တို့ စောင့်စားခဲ့။

[pre_cho]
အရင်လို နေ့များမှာ။ ငါ့ကို အားလုံးလည်း စောင့်နေမယ်။ အရင်လို ရက်များမှာ..

[cho]
ငါ ထွေးပွေ့ထားချင်တယ် ဒီနေ့သာ အိမ်ပြန်ရရင်။ ငါ ထွေးပွေ့ထားချင်တယ် အခုသာ အိမ်ပြန်ရောက်ရင်။
ငါ ထွေးပွေ့ထားချင်တယ် ဒီနေ့သာ အိမ်ပြန်ရရင်။ ငါ ထွေးပွေ့ထားချင်တယ် အခုသာ အိမ်ပြန်ရောက်ရင်။

[rap]
အိမ်ကနေ ဝေးနေတဲ့လူတွေပဲ ဒီခံစားချက်ကို သိတယ်။ တချို့က ခနဲ့တယ် ရိသဲ့သဲ့နဲ့ ဟေ့ရောင် မင်းတို့ရော ဘာသိလဲ ? အိမ်နဲ့ အဝေးမှာ မနေဖူးရင် ကိုယ့်ရင်ထဲကိုယ် ပြန်ရှာကြည့်လှည့်။ ကိုယ့်မြို့ရွာ ကိုယ့်ရေမြေကို ချစ်တဲ့စိတ်က အတွင်းမှာ ငြိတွယ်။ တောထဲ တောင်ထဲ တချို့လည်း နယ်မြေခြား တချို့ နိုင်ငံခြားတာ၊ တချို့အတွက်တော့ ပင်လယ်တွေခြား၊ တချို့အတွက်ကျတော့ မိုင်တိုင်ခြားနား။ ပတ်ဝန်းကျင်အသစ်မှာ နေသားကျရင်တောင် သတိရမိတဲ့ အခိုက်အတန့်ခဏမှာ အိမ်ကိုလွမ်းတယ်ဆိုတဲ့ ဝမ်းနည်းမှုက ပြိုင်စံရှားပါ။ အိမ်မှာရောဘယ်လိုနေလဲ ? အဖေနဲ့ အမေရော နေကောင်းရဲ့လား ? ကျွန်တော်တော့ ဘာလုပ်လုပ် တစ်ခုခုလိုနေသလိုမျိုး မပြေပျောက်ခဲ့ပါ။ ဒီလိုအချိန် နေစောင်းတဲ့အခါ မိသားစု အတူတူဆုံပြီး အရင်လိုမျိုး စကားတွေဖောင်ဖွဲ့ ပြောလို့ရရင် သိပ်ကောင်းမယ်ကွာ။ ငါ ထွေးပွေ့ထားချင်တယ် ဒီနေ့သာ အိမ်ပြန်ရောက်ရင် အမေ့လက်ရာတွေ တဝကြီး စားချင်တယ်။ ညဘက်ဆို ရုပ်ရှင်ကားတွေနဲ့ ကမ္ဘာပေါ်က အနွေးထွေးဆုံး မိသားစုတန်ဖိုး ဝေးမှ နားလည်တယ်။ ငါထွေးပွေ့ထားချင်တယ် ဒီနေ့သာ အိမ်ပြန်ရရင်။
[pre_cho]
အရင်လို နေ့များမှာ ငါ့ကို အားလုံးလည်း စောင့်နေမယ်။ အရင်လို ရက်များမှာ..

[bridge]
ငါလွမ်းမိတယ် ငါ့ရဲ့အခန်းလေးကို။ အိမ်ကို ပြန်လာတိုင်း အဖေဖွင့်ပေးတဲ့ တံခါးတစ်ချပ်ကို

[cho]
ငါ ထွေးပွေ့ထားချင်တယ် ဒီနေ့သာ အိမ်ပြန်ရရင်။ ငါ ထွေးပွေ့ထားချင်တယ် အခုသာ အိမ်ပြန်ရောက်ရင်။
ငါ ထွေးပွေ့ထားချင်တယ် ဒီနေ့သာ အိမ်ပြန်ရရင်။ ငါ ထွေးပွေ့ထားချင်တယ် အခုသာ အိမ်ပြန်ရောက်ရင်။

كلمات أغنية عشوائية

كلمات الأغاني الشهيرة

Loading...