
charm tunes - လိပ်ပြာ (butterfly) كلمات أغنية

[intro]
လွန်ခဲ့တဲ့ ၄နာရီ ဒီသီချင်းကို ငါစရေးတယ်။ နင့်အကြောင်းစဥ်းစားရင်း စတွေ့ခဲ့တာလည်း မနေ့တနေ့ကလို အတွေးထဲ၊ ဖြူစင်လွန်းတဲ့ နင့်ရဲ့ အပြုအမူလေးတွေကြောင့် ပန်းချီကား တစ်ချပ်လိုဆေးခြယ်၊ တစ်ခါတည်း သော့ခတ်ပြီး အပိုင်သိမ်းထားလိုက်ချင်တယ် ငါ့ရဲ့ရင်ခွင်လေးထဲ
[cho]
နေရောင်ခြည်များရဲ့အောက် အရောင်စုံတဲ့ လိပ်ပြာလေးဝဲ၊ သံလှောင်အိမ်လေးနဲ့ ဖမ်းဖို့ မကြိုးစားချင်လည်း တစ်ပါးသူ ယူမှာစိုး၊ အတောင် အလက်တို့ဖြန့် ပျံဝဲနေတာ မြင်ချင်လည်း အတောင်ကျိုးတဲ့ အခိုက်မှာ မင်းနားခိုစရာ မရှိမှာ ငါလေ စိုးလို့
[verse]
ဒီကမ္ဘာကျယ် ငါရွက်လွှင့်လို့သွားတယ်၊ ဘယ်မှာလဲ အချစ်စစ် ရှာဖွေရင်းနဲ့၊ ကြုံဆုံလာ လှည့်ဖြားတဲ့ မျက်နှာဖုံးတွေ အပေါ်ယံကောင်းလည်း လူတွေ မာယာများတယ်
[pre_cho]
ကြိုတင်ပြီး မသိနိုင်တယ်။ ခန့်မှန်းဖို့ မဖြစ်နိုင်တယ်။ ဒီလောကရဲ့အလယ် ရှင်သန်နေရင်း တစ်နေ့နေ့ တစ်ချိန်မှာ ငါချစ်ရတဲ့သူ တန်ဖိုးထားရသူကို အရောင်တွေ ပြောင်းလဲတတ်တဲ့ လူတွေနဲ့ မတွေ့ကြုံစေချင်လို့
[cho]
နေရောင်ခြည်များရဲ့အောက် အရောင်စုံတဲ့ လိပ်ပြာလေးဝဲ၊ သံလှောင်အိမ်လေးနဲ့ ဖမ်းဖို့ မကြိုးစားချင်လည်း တစ်ပါးသူ ယူမှာစိုး၊ အတောင် အလက်တို့ဖြန့် ပျံဝဲနေတာ မြင်ချင်လည်း အတောင်ကျိုးတဲ့ အခိုက်မှာ မင်းနားခိုစရာ မရှိမှာ ငါလေ စိုးလို့
[rap]
အမြတ်တနိုးနဲ့ ခူးဆွတ်ခဲ့တဲ့ ဒီပန်းလေး ငါတို့ဘယ်လိုပဲ အလှမ်းဝေးပါစေ၊ တစ်နေ့ကျ ပေါင်းဖက်ရဖို့ ဘုရားပေါ်တက် ပုတီးပတ်ကို သက်စေ့ရေ၊ မှားတာရှိလည်း ခွင့်လွှတ်ကြတယ် အရှုံးအမြတ် ငါတို့ မတွက်ကြေး။ ဒါပေမယ့် မထင်မှတ်ထားချိန်မှာ ရောက်လာခဲ့တယ် အခက်တွေ့စေတဲ့ အကျိုးတရားတွေ
စတွေ့ကတည်းကချစ်ခဲ့တာ နင့် ရိုးသားမှုကို၊ အခုတော့ အဲ့ဒီ ရိုးသားမှုက ငါ့ကို ပြန်သတ်ဖို့ အားပြုလို့၊ လူတိုင်းကို ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်တာကို မမှားဘူးလို့ ငါသိလည်း မဖြစ်တော့ဘူး ငါတားရတော့မယ်လို့ စကား အခုဆို။ လူ့စိတ်က ကောက်ကွေ့တယ် နင် ဒါတွေ မမြင်နိုင်သေးလည်း ငါ့စကားတွေ နားလည်တဲ့ တစ်နေ့ကျ အချိန်လွန်သွားမှာ ရင်လေးတယ်။ ယိမ်းယိုင်တဲ့ ဘယ်သူ့ကိုမှ အားမနာနဲ့ နင်ချုပ်ခြယ်တယ်လို့ပဲ တွေးတယ်။ အမုန်းခံပြီးတော့ ငါတားတယ်၊ ဒီလိုနဲ့ ငါတို့ ၂ယောက်စလုံးလည်း ဝေးခဲ့။ လွန်ခဲ့တဲ့ ၄နာရီ ဒီသီချင်းကို ငါစရေးတယ်။ နင့်အကြောင်းစဥ်းစားရင်း စတွေ့ခဲ့တာ မနေ့တနေ့ကလို အတွေးထဲ ဖြူစင်လွန်းတဲ့ နင့်ရဲ့ အပြုအမူလေးတွေကို မပျောက်ကွယ်စေချင်ပေမယ့် လူတိုင်းကို မင်းလေးလို ဖြူစင်မယ်လို ထင်ထားတာလား ကလေးရယ်
[cho]
နေရောင်ခြည်များရဲ့အောက် အရောင်စုံတဲ့ လိပ်ပြာလေးဝဲ၊ သံလှောင်အိမ်လေးနဲ့ ဖမ်းဖို့ မကြိုးစားချင်လည်း တစ်ပါးသူ ယူမှာစိုး၊ အတောင် အလက်တို့ဖြန့် ပျံဝဲနေတာ မြင်ချင်လည်း အတောင်ကျိုးတဲ့ အခိုက်မှာ မင်းနားခိုစရာ မရှိမှာ ငါလေ စိုးလို့
كلمات أغنية عشوائية
- rick wakeman - the creation كلمات أغنية
- richard thompson - you're going to need somebody كلمات أغنية
- richie kotzen - something to say كلمات أغنية
- richard hawley - for your lover give some time كلمات أغنية
- richard cheese - closer كلمات أغنية
- richie kotzen - get up كلمات أغنية
- richard hawley - the nights are made for us كلمات أغنية
- richard cheese - last resort كلمات أغنية
- rick wakeman - brainstorm كلمات أغنية
- richard thompson - the world is a wonderful place كلمات أغنية