
byad wi, byad da - ma nee tot tae kabar كلمات أغنية
ဒီကမ္ဘာကြီးမှာ မင်းနဲ့ ဝေးရရင်
ဒီကမ္ဘာကြီးမှာ အခုငါ အသက်မရှိချင်
ပင်လယ်ကြီးသာ ခမ်းရင်ခမ်းသွားပါစေ
ဒီလူသားရင်ထဲမှာ မင်းအပေါ် အချစ်တွေ
မခြောက်ခမ်းဘူးလေ
ဟိုတုန်းက
အချိန်လေးများ
ပြန်တမ်းတလိုက် မင်းကို လွမ်းမောလိုက်ငါ
သတိတွေ ပိုရလာ
ပြန်စဥ်းစား
အရင်တုန်းက
တန်ဖိုးရှိတဲ့ နေ့တွေ
အဆုံးသတ်တော့မှာလား
ဝေးရမယ်ဆိုတာ သေချာသည်
သိသိလျက်နဲ့ မင်းအနား ရသလောက်တော့ငါ
ကပ်တွယ်ပါဦးမယ်
ဝေးရမယ်ဆိုတာ သေချာသည်
နည်းနည်းလောက် နည်းနည်းလောက်ပေါ့
နှလုံးသားလေးကို မင်းစာနာသင့်သည် ဝေးရပြီ
oh! လမ်းခွဲသွားပြီး
ပြန်လာမယ့် ရက်တွေကိုငါ ရေတွက်ထားတယ်
မင်းရှိရင် အသေဖက်ထားမယ်
မင်းမရှိရင် မနေတတ်သားနဲ့
ကိုယ်သိလိုက်ပါတယ်
မင်းဆီက ချစ်ခြင်းမေတ္တာ ရွှေထက်ရှားတယ်
ကြည့်စမ်းပါဦး
ဥသြတွေ တွန်နေပါပီ နွေရက်များထဲ
အဝါရောင်ဥတု ရောက်ပြီအချစ်
မင်းကြိုက်တဲ့ ပိတောက်ပန်းတွေသီ
နွေညတွေ တစ်ယောက်ထဲ ဖြတ်သန်းတော့
ခင့်ကိုပါ မောင်လွမ်းနေပြီ
မင်းကြိုက်တဲ့ တောင်းတန်းတွေဆီ
ခရီးတွေထွက်မယ် စောက်ရမ်းတွေခွီ
ကိုယ့်ကမ္ဘာဟာ အမှောင်ကြမ်းနေပြီးတောင်
မင်းနာမည်ကို ယောင်ရမ်းဖြေမိ
မေ့ဖျောက်ဖို့ ခက်တယ်
မင်းရဲ့ အကြည့်တစ်ချက်မှာ ရူးတယ်
စိတ်ငြိမ်အောင် တရားထိုင်
ဝိပ္ပဿနာရှုလည်း
သတိကပ်မလားဘူး
ကြာလာရင် ဒီထက်ငါ ရူးမယ်
ရင်ခုန်သံ စည်းချက်ကမတူ မနီးစပ်ပါဘူးကွယ်
အချစ်ရေ
မင်းနေတဲ့မြို့မှာ ပန်းတွေပွင့်ပြီလား
ကိုယ့်နေတဲ့ မြို့မှာတော့
အရက်သမားရဲ့ အလွမ်းတွေ စစ်ချီလာ
မင်းမရှိတဲ့နေ့ကစလို့
ကိုယ့်ဘေးနား တစ်ယောက်လိုနေတာ
ကမ္ဘာကြီး ကျဥ်းကျဥ်းလေးဆိုတာ
တကယ်တော့ စောက်ပိုတွေပါ
ဝေးရမယ်ဆိုတာ သေချာသည်
သိသိလျက်နဲ့ မင်းအနား ရသလောက်တော့ငါ
ကပ်တွယ်ပါဦးမယ်
ဝေးရမယ်ဆိုတာ သေချာသည်
နည်းနည်းလောက် နည်းနည်းလောက်ပေါ့
နှလုံးသားလေးကို မင်းစာနာသင့်သည် ဝေးရပြီ
ကိုယ်ဟာ တယုတယ ကြင်နာစွာ
မင်းကို မြတ်နိုးနေမှာလေ
မင်း..စိတ်ဆိုးပြေမယ့်ရက်တွေကို ငါ
လက်ချိုးရေကာနေ
မင်းက ငါ့ရဲ့ ပျော်ရွှင်မှုလေး
ဒါ့ကြောင့် သက်ဆိုးရှည်ပါစေ
နေ့တိုင်းဆုတောင်း မေတ္တာပို့ပါတယ်ဗျာ
ကပ်ဆိုးတွေပါဝေး
အချစ်ရေ အရင်လို ဆူးလေနားမှာ
မင်းနဲ့ ခိုစာလေးတွေ ကျွေးမယ်
တစ်ခါတလေ အချစ်ကြောင်း လွမ်းတဲ့နေ့ဆို
ကိုယ်ကဗျာလေးတွေရေးတယ် မင်းနဲ့
မြောက်ဝင်ရိုးစွန်းသွားပြီး
ပိုလာလေးတွေမွေးမယ်
ဒါတွေဟာ အိပ်မက်ပါ
ကိုယ့်ကမ္ဘာလေးရေ ဝေးတယ်
ငါ့အပေါ် အကောင်းမမြင်လဲ အေးဆေးပဲ
ငါသည်းခံရင်း တစ်ယောက်ထဲ
အတိတ်ကို လွမ်းတဲ့နေ့ဆို ကျကျသွားတယ်
အထီးကျန်ခြင်း ချောက်ထဲ
လွမ်းရတဲ့အချိန်တွေဆိုငါ
စိုင်းထီးဆိုင်သီချင်းများ ha!
အသည်းကွဲနေပါတယ်ဆိုမှ
ဘလိုင်းကြီး ထိုင်ဖွင့်ကြ yo!
ကလေးလေးကို အရေးပေးပြီး
ရင်ဝယ်ထဲမှာထားတာ
တစ်ဘဝလုံးစာ ရည်ရွယ်ပြီး
ခင်တယ်ခဲ့တာ အားနာ
ကိုယ်ဟာ ငါးစာလေးအနားဝဲပြီးတော့
ကျင်လည်ခဲ့တာ မှားတာ
မင်းဟာ ငါးမျှားချိတ်
ကိုယ်ဟာ ပင်လယ်ထဲက ငါးပါ
ဝေးရမယ်ဆိုတာ သေချာသည်
သိသိလျက်နဲ့ မင်းအနား ရသလောက်တော့ငါ
ကပ်တွယ်ပါဦးမယ်
ဝေးရမယ်ဆိုတာ သေချာသည်
နည်းနည်းလောက် နည်းနည်းလောက်ပေါ့
နှလုံးသားလေးကို မင်းစာနာသင့်သည် ဝေးရပြီ
كلمات أغنية عشوائية
- cameo - you love takes me out كلمات أغنية
- ne yo - can you get away كلمات أغنية
- ne yo - licking my fingers كلمات أغنية
- alejandro sanz - mi peter punk كلمات أغنية
- current 93 - hourglass for rosy abelisk كلمات أغنية
- smokey river boys - jimmy brown the newsboy كلمات أغنية
- deborah cox - house is not a home كلمات أغنية
- avera - in motion كلمات أغنية
- countdown kids - oh dear what can the matter be كلمات أغنية
- countdown kids - yankee doodle كلمات أغنية