
bg 18 - achit كلمات أغنية
လူကိုပျော်ရွှင်စေတတ်တဲ့
ဒါမှမဟုတ် ဝမ်းနည်းစေတတ်တဲ့အရာ
အဲ့ဒီအရာကို အချစ်လို့သတ်မှတ်မလား
ဘယ်လိုလူတိုင်းနဲ့မှ မကင်းတဲ့
ချိုမြိန်နေမယ့် သောကလေးရယ်
ဘယ်ဘာသာစကားနဲ့မှ
ရှင်းပြဖွင့်ဟလို့ မပြည့်စုံခဲ့တယ်
သူ့အတွက်ကြောင့်ဒူးထောက်ခဲ့ဖူးသလို
လောကကြီးကို အရွဲ့တိုက်ဖို့ရူး
ချစ်နေရရင် စက္ကန့်တိုင်းဟာလှနေဦးမှာမို့
ကိုယ့်ရဲ့အနားမှာမင်းရှိပေးပါဦး
ဘာတွေဝမ်းသာ ဘာကြောင့်ဝမ်းနည်း
စိတ်တွေပင်ပန်းတယ်
ရယ်သံများစွာကြားအမာရွတ်တွေ
ဖွက်ထားရတဲ့ နေ့တွေနဲ့
အဖြစ်ဟာ သိပ်ဆန်းကြယ်
ငါရုန်းထွက်လေ ပိုပြီးနစ်ဝင်ခဲ့
အချစ်တဲ့ ….
ဒါကို တိုက်ဆိုင်မှုတဲ့လား
စကြာဝဠာ တခုလုံးစာ ချစ်ခဲ့ကြတာ
အဲ့တာ တိုက်ဆိုင်မှု မဟုတ်ဘူး
ငါတို့ နှစ်ယောက်လုံးရဲ့ ရွေး ချယ်မူ
ဘယ်သူတွေ ထင်မှာလဲ
ဒီလိုမျိုး ဇာတ်သိမ်းသွားလိမ့်မယ်လို့
မတွေးခဲ့ဘူး
ချစ်သူမျက်နှာနဲ့ တကမ္ဘာလုံးကိုကျော ခိုင်းပြီး
အစဆုံး ငါပြော ပြမယ်
မင်းမကြိုက်တဲ့ ဆေးလိပ်တွေငါဖြတ်ခဲ့
အသက်ထက်ပို မြတ်နိုးလို့
ခန္ဓာထက်စိတ်ကို ပိုမက် တယ်
အချစ်ကိုအမြဲတမ်းကိုးကွယ်သူတစ်ယောက်ရဲ့
trauma တွေ က အဆက်မပြတ်ပဲ
စိတ်ဓာတ်တွေကျနေချိန်ငါ့ဘေး မှာအားပေးကူမဲ့သူ
မင်းတယောက်သာ မရှိတော့ရင်
ငါ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး
ပစ္ဆန်ပ္ပန် ဖြစ်နေတဲ့ အရာများကို
ကျေ နပ်စွာ မင်း လက်ခဲ ရဲ့လား
မင်း စိတ်နဲ့ အသက်ရှင်နေတဲ့ငါက
အသက်ရှူ ရပ်တန့်ပြီး ငါကျန်ခဲ့မှာ
အချစ်ဆိုတဲ့အရာ
ဘယ်သူ က မှား ပြီး ဘယ်သူက မှန်လဲ
အဖြေရှာလို့ မရအောင် ငါဟာညဏ်နည်း
မင်း စိတ်ကျေနပ်အောင်အမြဲတမ်းအမှန်ပဲထားပြီး
ငါရင်ဘတ်ကို အတောင့်လိုက်ကန်ထည့်
မင်း လိုချင်နေတဲ့
မင်း ရဲ့ အနားမှာ နေပြီး ဖြည့်ဆည်းပေး ချင်ခဲ့
အတတ်နိုင်ဆုံး ပျော်အောင်ထားပြီး
မင်း ဘေးမှာ အသင့်ရှိနေခဲ့
ဘာတွေဝမ်းသာ ဘာကြောင့်ဝမ်းနည်း
စိတ်တွေပင်ပန်းတယ်
ရယ်သံများစွာကြားအမာရွတ်တွေ
ဖွက်ထားရတဲ့ နေ့တွေနဲ့
အဖြစ်ဟာ သိပ်ဆန်းကြယ်
ငါရုန်းထွက်လေ ပိုပြီးနစ်ဝင်ခဲ့
အချစ်တဲ့ ….
ခံစားချက်နဲ့အသက်ရှင်
မျက်ဝန်းများကပြောတဲ့စကား
မမျှော်လင့်ထားတဲ့အချစ်နဲ့ရင်ခုန်ရင်း
အတူလျှောက်ခဲ့တဲ့လမ်းလေး
အေးစက်စက် ညနက်တစ်ချို့မှာ
အထီးကျန်ခြင်းတွေထားရစ်လို့
စုတ်ပြတ်သတ်အောင်လုပ်လို့သွားလည်း
မုန်းလို့မရတဲ့အဖြစ်မျိုး
ဒါအချစ်လား ဝဋ်ကြွေးလား
တစ်ရက်လေးမှထွက်ပြေးမရ
ပျော်ရွှင်ခြင်းနဲ့နာကျင်ခြင်းကို
တစ်လှည့်စီသူသင်ပေးသွား
အတုအယောင်များကြားမှာငါရှင်သန်ရင်း
ဘယ်အရာကို အချစ်လို့ငါသတ်မှတ်မလဲ
ရင်ခုန်သံအမှားများနဲ့ပြုံးမိတဲ့
နေ့ရက်တွေကတလွဲ
အဆိပ်အတောက်များအပြည့်နဲ့အချစ်ကိုစားသုံးရင်း
ဘယ်လိုမှရုန်းထွက်မရလို့
နေ့ရက်တိုင်းမှာအသက်မဲ့ခဲ့
don’t wanna love again
ဘာတွေဝမ်းသာ ဘာကြောင့်ဝမ်းနည်း
စိတ်တွေပင်ပန်းတယ်
ရယ်သံများစွာကြားအမာရွတ်တွေ
ဖွက်ထားရတဲ့ နေ့တွေနဲ့
အဖြစ်ဟာ သိပ်ဆန်းကြယ်
ငါရုန်းထွက်လေ ပိုပြီးနစ်ဝင်ခဲ့
အချစ်တဲ့ ….
كلمات أغنية عشوائية
- hate! hate!! hate!!! - hate! hate!! hate!!! كلمات أغنية
- queenzzielocthevoice independent singer songwriter - my gay dance song كلمات أغنية
- cooper2723 كلمات أغنية
- jay3r - antisocial كلمات أغنية
- melan - avancer tout ça touc ca lozerrreeee كلمات أغنية
- marc almond - orpheus in red velvet (live 1992) كلمات أغنية
- avec plaisir (qc) - jorts كلمات أغنية
- vörösmacska - üzenet neked كلمات أغنية
- barikader - фантомка через гниение (fantomka cherez gnienie) كلمات أغنية
- dgl - kaddafi كلمات أغنية