
ayoon - su boo htae ka a chit كلمات أغنية
[verse 1]
အခုလိုဝေးပီးတဲ့နောက်မှာ
နင်အဆင်ပြေတာကြားချင်တယ်
အဆွေးကြီးဘဲဆွေးခဲ့ရတယ်
ဒါတွေငါ့အမှားတွေဘဲလို့ နင် သတ်မှတ်လိုက်
ငါ့ကိုနင်အဆက်ဖြတ်လိုက်
နောင်တတွေနဲ့ အားနာမိနေတယ်
နာရီသံ တစ်ချက်ချက်တိုင်း……
[rap 1]
ချစ်တယ် မုန်းတယ် လွမ်းတယ် ခံစားမှုတွေရဲ့
နောက်ကွယ်တစ်ဖက်က
ယုံကြည်မှုဆိုတဲ့ အလွှာပါးပါးလေးလဲ
အောက်ဝယ်ပျက်ကျ
လျှောက်လည်ပတ်သမျှ အမှတ်တရတွေ
ခုကျပျောက်ကွယ် တယောက်တနယ် ဘက်မှာ
(တယောက်တနယ် ဘက်မှာ)
ရင်ဘတ်ထဲအောင့်တယ် နင်လဲခံစားရမာတော့
ကြောက်တယ် မှတ်လား
ထွက်သွားလိုက်တော့ အနားကနေ
ငါ့ရင်မှာနင့်တွက် ပျော်စရာလဲမရှိ
ကံကြမ္မာကိုလဲအပြစ်တင်မိတယ်
ဘာကြောင့်နင့်ကိုငါ့နားခေါ်လာလဲမသိ
instagramမှာ မျှော်နေခဲ့မိ ပြန်စာမရှိလို့
ငါစိတ်ကောက်ရန်ရှာခဲ့
ငါက တကယ်အချစ်နဲ့ပက်သတ်ရင်နင်ထင်တာထက်
ပိုပီး အဆိပ်အတောက်ဆန်ပါတယ်
[verse 2]
ဝေးပီ အခုတော့ငါမသိတော့ပါဘူး
တောင်းပန်ရုံကလွဲ
အဆွေးကြီးဆွေးခဲ့သမျှ ငါ့အပြစ်တွေမို့
ခေါင်းခံရုံပါဘဲ
နင်ငါ့ကိုပြောခဲ့သလို ငါဟာတကယ့်ကိုနှလုံးသားမရှိသူပေါ့ လူတစ်ယောက်ကိုယ့်ကိုအမြဲချစ်နေအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ လုံးဝ မသိသူပေါ့
ထပ်ပီးတော့မနာကျင်စေချင်လို့ အမုန်းခံပီးတော့
လမ်းခွဲပေးလိုက်တယ်
အမှတ်တရတွေရှိခဲ့လဲ အဲ့အမှတ်တရတွေနဲ့လွမ်းလဲ
ဝေးလိုက်မယ်
အရမ်းလဲမတွေးလိုက်နဲ့ငါ့လိုလူမျိုးကိုနင်လေရှောင်နေ
ရင်တွေတောင်ကြွေလဲ ငါမှာလိုက်ပါရစေ
အဆင်ပြေအောင်နေ
[chorus]
ရက်စက်လွန်းတဲ့သူလို့ တွေးလိုက်ပါတော့ကွာ
မချစ်တတ်တဲ့သူလို့တွေးလိုက်ပါတော့လား
နာကျင်ခဲ့ရသမျှ မင်းမှမမြင်ဘဲ
ငါဟာစိတ်ဒဏ်ရာတွေထဲက အကျဉ်းသားအသွင်နဲ့
ဟေးးးးးဒို့တွေဝေးသွားကြတာပိုကောင်းမယ်
ဘေးနားလေးမှာ မနေတော့နဲ့
ငါ့အချစ်တွေ ဒီစုဘူးထဲပဲသိမ်းထားလိုက်မယ်
တစ်နေ့မှာငါ့ရဲ့ဝဋ်တွေလည်ခဲ့ရင်
လှည့်ကြည့်ပီးတော့မကယ်နဲ့မင်း
ထားခဲ့ပါ ငါ့ထိုက်နဲ့ငါ ဝမ်းနည်းရပါစေ
[rap 2]
ဆက်မသွားဘဲရပ်လိုက်ပါတော့
မပြတ်သားလဲ ပြတ်လိုက်ပါတော့
ငါထွက်သွားလဲ ဆက်မလိုက်လာတော့နဲ့
တစ်ဖက်တစ်ခြားဘဲ ထွက်လိုက်ပါတော့
အဲ့စကားဘဲ ထပ်လိုက်ကာပြောရင်
တစ်ဖက်နားထဲ ကပ်ဆိုက်မာနော်
ထပ်ပီးတော့မနာကျင်အောင်လို့ပါ
မပြတ်သားလဲ ပြတ်လိုက်ပါတော့
ငါ့ကြောင့် အိပ်မရတဲ့ရက်တွေနဲ့
ဖိတ်ကျတဲ့မျက်ရည်တွေမလိုချင်
ဒါကြောင့် စိတ်မချလဲမဖြစ်နဲ့လို့ မှာချင်တယ်
rapတွေဆိုရင်း
ငှက်တွေလိုမင်းအဝေးပျံသွားလိုက်ပါတော့ နှုတ်ဆက်ပါတယ် မျှော်လင့်ချက်တွေ
မပေးချင်တော့လို့ ငါ့ဆီကို ခဏတိုင်း ဖုန်းမဆက်ပါနဲ့
[chorus]
ရက်စက်လွန်းတဲ့သူလို့ တွေးလိုက်ပါတော့ကွာ
မချစ်တတ်တဲ့သူလို့တွေးလိုက်ပါတော့လား
နာကျင်ခဲ့ရသမျှ မင်းမှမမြင်ဘဲ
ငါဟာစိတ်ဒဏ်ရာတွေထဲက အကျဉ်းသားအသွင်နဲ့
ဟေးးးးးဒို့တွေဝေးသွားကြတာပိုကောင်းမယ်
ဘေးနားလေးမှာ မနေတော့နဲ့
ငါ့အချစ်တွေလဲ ဒီစုဘူးထဲပဲသိမ်းထားလိုက်မယ်
တစ်နေ့မှာငါ့ရဲ့ဝဋ်တွေလည်ခဲ့ရင်
လှည့်ကြည့်ပီးတော့မကယ်နဲ့မင်း
ထားခဲ့ပါ ငါ့ထိုက်နဲ့ငါ ဝမ်းနည်းရပါစေ
كلمات أغنية عشوائية
- lazy danko - teardrops كلمات أغنية
- rey - im not feeling alright كلمات أغنية
- bravo maine - dippy days كلمات أغنية
- cxld speech - altadena كلمات أغنية
- twenty24four - 06 honda music كلمات أغنية
- hauntgat - predator كلمات أغنية
- guap sensei - smile, you're dying كلمات أغنية
- yzomandias - když jedeme v noci (j. eden) كلمات أغنية
- falan andrea - adareida manda كلمات أغنية
- motherwise - bitter pill كلمات أغنية