
adjustor - nouk kya nay dae sar كلمات أغنية
ပင်လယ်တွေခြားနားနေလည်းကွာ
တို့နှလုံးသားတွေမဝေးပါ
ကမ္ဘာကြီးရဲ့တစ်ဖက်ခြမ်းမှာသတိရတဲ့အကြောင်းတွေ
ရေးခဲ့ဖူးတယ်ကွာ မင်းဆီပို့ရမဲ့စာ
ဘယ်လိုခက်ခဲလို့ နေလဲကွာ
မင်းထံအရောက်ပြန်လာမယ်
တောင်ပံများဖြန့်ကျက်လို့သာ ဝဲပျံနေဆဲ
ဒီလိုနဲ့အကြောင်းမျိုးမျိုးကြောင့်သာ
ပို့ဖို့နောက်ကျနေတဲ့စာ
အိမ်မက်လေးများဟာလွယ်လွယ်ပျက်သုဉ်းမှာ
ဘယ်လိုမှ တို့နှစ်ယောက် မျှော်လင့်မထားကံကြမ္မာဆိုးရဲ့
မုန်တိုင်းထဲမှာ အရာရာငါ့အပေါ်ပဲ အပြစ်တင်လိုက်ပါ
အချစ်ရာဒီစာလေးကို တယုတယ
ငါသိမ်းထား မင်းမဖတ်ဖြစ်တာ
အကောင်းဆုံး ဖြစ်မှာ
ဒီအချိန်ရောက်မှဒဏ်ရာတွေ
အသစ်ကပြန်ပြီးမစချင်ပါနဲ့ကွာ
နှလုံးသားနဲ့ အနီးဆုံးမှာ
ဒီစာလေးဟာ မင်းလက်ထဲ
အစောကြီးရောက်ချင်နေခဲ့တာ
ဒါတွေကိုမင်းမသိနိုင်တော့ဘူးကွာ
နောက်ကျနေတဲ့စာ
စာရွက်လေးရဲ့ ထိပ်ဆုံးက
ခေါ်နေကျနာမည်လေးမှာ ကိုယ့်အချစ်တွေစိုရွှဲဆဲပါ
မင်းရနံ့လေးတွေ သင်းပျံဆဲမို့ ကိုယ်မြင်ယောင်နေပါတယ်
တို့ရဲ့အတိတ်က ပျော်စရာကြီးပါ
ငါနင့်အနားကပြေးထွက်ခဲ့ရတာ
နင်ပင်ပန်းမှာဆိုးလို့ သိချင်စေလိုက်တာ
နင်အဆင်ပြေသွားတဲ့နေ့တစ်ရက်မှာ
ဒီစာလေးတွေကိုပို့ခဲ့တဲ့သူကို မေ့လိုက်ပါ
အဝေးဆုံးပျံသန်းတော့ လိပ်ပြာလေးရာ
မင်းပျော်ပါ
အိမ်မက်လေးများဟာလွယ်လွယ်ပျက်သုဉ်းမှာ
ဘယ်လိုမှ တို့နှစ်ယောက် မျှော်လင့်မထားကံကြမ္မာဆိုးရဲ့
မုန်တိုင်းထဲမှာ အရာရာငါ့အပေါ်ပဲ အပြစ်တင်လိုက်ပါ
အချစ်ရာဒီစာလေးကို တယုတယ
ငါသိမ်းထား မင်းမဖတ်ဖြစ်တာ
အကောင်းဆုံး ဖြစ်မှာ
ဒီအချိန်ရောက်မှဒဏ်ရာတွေ
အသစ်ကပြန်ပြီးမစချင်ပါနဲ့ကွာ
နှလုံးသားနဲ့ အနီးဆုံးမှာ
ဒီစာလေးဟာ မင်းလက်ထဲ
အစောကြီးရောက်ချင်နေခဲ့တာ
ဒါတွေကိုမင်းမသိနိုင်တော့ဘူးကွာ
နောက်ကျနေတဲ့စာ
အရာရာငါ့အပေါ်ပဲ အပြစ်တင်လိုက်တော့
အချစ်ရာဒီစာလေးကို တယုတယ
ငါသိမ်းထား မင်းမဖတ်ဖြစ်တာ
အကောင်းဆုံး ဖြစ်မှာ ဒီအချိန်ရောက်မှဒဏ်ရာတွေ
အသစ်ကပြန်ပြီးမစချင်ပါနဲ့ကွာ
နှလုံးသားနဲ့ အနီးဆုံးမှာ
ဒီစာလေးဟာ မင်းလက်ထဲ
အစောကြီးရောက်ချင်နေခဲ့တာ
ဒါတွေကိုမင်းမသိနိုင်တော့ဘူးကွာ
နောက်ကျနေတဲ့စာ
မင်းလက်ထဲ
အစောကြီးရောက်ချင်နေခဲ့တာ
ဒါတွေကိုမင်းသိရင် သိပ်ကောင်းမှာ
နောက်ကျနေတဲ့စာ
كلمات أغنية عشوائية
- black trip (metal) - coming home كلمات أغنية
- kate bush - sunset (live) [act three] كلمات أغنية
- the flaming lips - sunrise (eyes of the young) كلمات أغنية
- will reagan & united pursuit - nothing i hold onto كلمات أغنية
- black spero - empty & numb كلمات أغنية
- tay-k - dat way كلمات أغنية
- dj scream - m.w.z.c كلمات أغنية
- pumpkinhead - that's that bullshit كلمات أغنية
- ghazzar mamlouk - samaka كلمات أغنية
- space hools - vague كلمات أغنية