
adjustor - atate ka moe yat myar كلمات أغنية
မိုးများကြားထဲ အချစ်ပျောက်လိုက်ရှာတဲ့အခါ
နာကျင်ခြင်းလမ်းမများထက်မှာ၊
မိုးရေတွေ ရွှဲစိုနေတဲ့ကြား၊ မြင်လေရာ မင်းမျက်နှာ။
တိမ်ညိုတွေ အုံ့မှိုင်းတဲ့အခိုက်မှာ
တွဲလက်တွေ ပြတ်သွား၊
နင်ပြန်လာမလား စောင့်နေတယ် လမ်းမှာ၊
ငါတစ်ယောက်ထဲ မိုးရေတွေ ရဲ့ကြား၊
ရင်တွေ ကွဲနေလို့၊ နင်အထင်လွဲသွားတဲ့ အကြောင်းများ၊
ပြန်လိုချင်နေဆဲ ရင်ခုန်သံဟာ၊
လုံးဝ တို့ဝေးကြပြီလားကွာ၊ ဟိုအရင်အတိတ်ကမိုးရက်တွေမှာ
နင်နဲ့ငါ ပွေ့ဖက်ထားခဲ့ အနွေးဓာတ်လေးကို
မေ့ရက်ပြီလား၊ ချည်နှောင်ထားတဲ့ ကြိုးလေးပြတ်လို့ သွားတဲ့နောက်မှာ
ပျောက်ကွယ်လို့သွားပြီ တစ်သက်စာ၊
ဒီမှာ ကိုယ့်ရင်ဘတ်တွေ ကွဲကြေခဲ့တာ မိုးရေစက်တွေထဲ၊
အကြင်နာဆုံးအနေနဲ့ အမှတ်တရတွေ ငါ့ကိုသတ်နေခဲ့၊
ချိုမိန်လွန်းတဲ့ ဒုက္ခများလည်း ကျေကျေနပ်နပ်ကြီး ခံစားမယ်၊
ထီးလေးတစ်ချောင်းအောက် မင်းနဲ့တို့နှစ်ယောက်၊
ဘာကိုမှ မတွေးပဲ လမ်းလျှောက်နေချိန်
လေထုထဲတည်ဆောက်ခဲ့တဲ့ တို့ အချစ်ရဲ့ အိမ်လေးဟာ၊
အခုတော့ ကမ္ဘာတွေ ခြားလို့နေပြီဟေ့၊
အရောင်တွေ ပြယ်လွင့်ခဲ့ပေါ့ကွာ၊ စွယ်တော်ရွက်ထဲ ရေးတဲ့စာ၊
gallery ထဲက ဓာတ်ပုံလေးတွေ ဖျက်ပစ်လိုက်ပါ ပြီးတော့မှ မုန်း၊
တိမ်ညိုတွေ အုံ့မှိုင်းတဲ့အခိုက်မှာ
တွဲလက်တွေ ပြတ်သွား၊
နင်ပြန်လာမလား စောင့်နေတယ် လမ်းမှာ၊
ငါတစ်ယောက်ထဲ မိုးရေတွေ ရဲ့ကြား၊
ရင်တွေ ကွဲနေလို့၊ နင်အထင်လွဲသွားတဲ့ အကြောင်းများ၊
ပြန်လိုချင်နေဆဲ ရင်ခုန်သံဟာ၊
လုံးဝ တို့ဝေးကြပြီလားကွာ၊ ဟိုအရင်အတိတ်ကမိုးရက်တွေမှ
အေးချမ်းမှုများနဲ့တို့ရဲ့ အပြာရောင်နေ့စွဲများ
ပိတောက်ပန်းတွေ စပွင့်တဲ့ ရက်ဆို အနားရှိချင်လိုက်တာ၊
ဆိုပြမယ့် သီချင်းတွေ ရေးလက်စ၊
အနမ်းတွေ ပေးနေကြနှုတ်ခမ်းတွေ လွမ်းနေရတဲ့ ကြား၊
အိပ်မက်မှာအတိတ်ကအကြောင်းတွေ မက်ရင် ပန်းတွေနဲ့ဝေသွား၊
မင်းရဲ့ပါးကမျက်ရည်စတွေ ခမ်းခြောက်ပါတော့ကွာ၊
ငါနဲ့ဝေးရင် ပိုပျော်ရမှာ၊ မိုးချိန်းလို့ မင်းကြောက်တဲ့အခါ
စိတ်မကောင်း ဖြစ်ရဦးမှာ၊ တစ်သက်လုံး ငါ့ဘက်က သတိရသွားမှာ
ယုံကြည်ပေးထားပါ၊ ဒိုင်ယာရီ ထဲ ရေးတဲ့အခါ
ငါဟာ နင့်ရည်းစားဟောင်းပါ သူငယ်ချင်းတွေကို
ပြောပြလိုက်ပါ၊ ငါဘယ်လောက်ထိ မုန်းဖို့ကောင်းလည်းဆိုတာ၊
တိမ်ညိုတွေ အုံ့မှိုင်းတဲ့အခိုက်မှာ
တွဲလက်တွေ ပြတ်သွား၊
နင်ပြန်လာမလား စောင့်နေတယ် လမ်းမှာ၊
ငါတစ်ယောက်ထဲ မိုးရေတွေ ရဲ့ကြား၊
ရင်တွေ ကွဲနေလို့၊ နင်အထင်လွဲသွားတဲ့ အကြောင်းများ၊
ပြန်လိုချင်နေဆဲ ရင်ခုန်သံဟာ၊
လုံးဝ တို့ဝေးကြပြီလားကွာ၊
ဟိုအရင်အတိတ်ကမိုးရက်များ
မင်းနဲ့တို့တွေ ဝေးသွားကြပြီလား
كلمات أغنية عشوائية
- tomoe - катарсис (catharsis) كلمات أغنية
- groupthink - guilty pleasure كلمات أغنية
- euphoria (jpn) - new horizon كلمات أغنية
- נבו נעים - לא מפסיק לחשוב كلمات أغنية
- слава кпсс (slava kpss) - завтра (tomorrow) كلمات أغنية
- pisceze - champagne showers كلمات أغنية
- mpl - ma bouche كلمات أغنية
- black market rhythm co. - we're all meant to fall كلمات أغنية
- isaac sandoval - nadie ha leido كلمات أغنية
- natee (ayeitsnate) - one way كلمات أغنية